သူစိမ်းတစ်ဦးရဲ့ကားကိုပြင်ပေးခဲ့တာကြောင့် အလုပ်အင်တာဗျူးနောက်ကျသွားပြီး မမျှော်လင့်တဲ့ဆုလဒ်ကြီးတစ်ခုရရှိခဲ့တဲ့ အမျိုးသား

သူစိမ်းတစ်ဦးရဲ့ကားကိုပြင်ပေးခဲ့တာကြောင့် အလုပ်အင်တာဗျူးနောက်ကျသွားပြီး မမျှော်လင့်တဲ့ဆုလဒ်ကြီးတစ်ခုရရှိခဲ့တဲ့ အမျိုးသား








Zawgyi

ကျွန်ုပ်တို့က အခြားသူအတွက် ကောင်းမှုပြုရင် ကောင်းကျိုးပြန်ရလိမ့်မယ်လို့ အမြဲတမ်းပြောလေ့ရှိပါတယ် ။ ထိုအတိုင်း အမျိုးသားတစ်ဦးဟာ အလုပ်အင်တာဗျူးလုပ်ရန် နောက်ကျနေသော်လည်း ကားတစ်စီးကိုပြုပြင်ဖို့ ကူညီခဲ့တဲ့အတွက် မမျှောင့်လင့်တဲ့ အပြောင်းအလဲကိုရရှိခဲ့ပါတယ် ။ Jimmy အမည်ရှိအမျိုးသားဟာ ကားစက်ပြင်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ဖူးပါတယ် ။ သူဟာအလုပ်တစ်ခုကို တကယ်လိုအပ်နေဒါကြောင့် သူဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သူဟာ ကြည်လင်ပြတ်သားတဲ့အဖြူရောင်ရှပ်အကျႌ၊ အနက်ရောင်ဘောဘီနဲ့ အဝတ်အစားများကို သပ်ရပ်စွာဝတ်စားဆင်ယင်ခဲ့ပြီး အင်တာဗျူးကို သွားခဲ့လိုက်ပါတယ် ။

Jimmy က လူတစ်ဦးဟာ ကားကို ဘယ်လိုပြင်ရမယ်ဆိုတာကိုမသိလို့ ကားပြင်ဆိုင်ကိုရှာပြီး အနောက်ကနေတွန်းနေတဲ့လူကို တွေ့ခဲ့ပါတယ် ။ ဘတ်စ်ကားမရောက်သေးတာကြောင့် Jimmy က ထိုလူကို ကူညီဖို့လိုလိမ့်မယ်လို့ ခံစားနေရတာကြောင့် သူ့ကို ကူညီဖို့ သွားခဲ့ပါတယ် ။

ထိုလူက Jimmy ရဲ့ အကူအညီအတွက် အမှန်တကယ်ကျေးဇူးတင်ကြောင်းနဲ့ Jimmy ဟာ သပ်သပ်ရပ်ရပ်နဲ့ ဝတ်ဆင်ထားလို့ ထိုလူကသူ့ကိုမေးမြန်းခဲ့ပါတယ် ။ Jimmy က သူအင်တာဗျူးလုပ်ဖို့ သူသွားနေကြောင်း ထိုလူကို ပြန်ပြောလိုက်ပါတယ် ။ Jimmy က သူနောက်ကျသွားပြီဆိုတာကို သိနေတာမို့ သူကုမ္ပဏီကိုရောက်ရင် မောင်းထုတ်ခံရမယ်ဆိုတာကို တွေးနေခဲ့ပါတယ် ။

Jimmy ဟာ စောင့်ဆိုင်းခန်းသို့ရောက်လာပြီး တွေ့ဆုံမေးမြန်းရန် စောင့်ဆိုင်းနေတဲ့လျှောက်ထားသူများစွာကို သတိပြုမိခဲ့ပါတယ် ။ ဒါပေမဲ့ အင်တာဗျူးက မစတင်သေးတာကြောင့် သူဟာ စိတ်သက်သာရာရခဲ့ပါတယ် ။ နောက်ဆုံးတော့ အင်တာဗျူးလုပ်ဖို့ စတင်ခဲ့ပါတယ် ။

လျှောက်ထားသူတစ်ဦးစီဟာ အင်တာဗျူးမှ ငြင်းပယ်ခံကြရပြီး အင်တာဗျူးလုပ်ဖို့ Jimmy ကို ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ် ။ နောက်ဆုံးအနေနဲ့ Jimmy ရဲ့အလှည့်ရောက်ခဲ့ပါတယ် ။

သူက အင်တာဗျူးလုပ်ဖို့ အခန်းထဲဝင်တဲ့အခါမှာ နံနက်ခင်းက Jimmy ကားပြင်ပေးခဲ့တဲ့ လူတစ်ဦးဖြစ်နေတာကို သိတဲ့အခါမှာ အံ့သြသွားခဲ့ပါတယ် ။ ထိုလူဟာ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ် ။ “ငါမင်းကို နောက်ကျသွားအောင် လုပ်မိလို့ စိတ်မကောင်းပါဘူး ။

ဒါပေမဲ့လည်း မင်းဟာ ယုံကြည်စိတ်ချရတဲ့ အလုပ်သမားတစ်ယောက်ဖြစ်မယ်ဆိုတာ ငါသိတယ် ။ ဂုဏ်ယူပါတယ် !” လို့ ထိုမန်နေဂျာက ပြောလိုက်ပါတယ်် ။ ဒါကြောင့် တခြားသူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အကူအညီလိုအပ်နေတဲ့သူကို သင်တွေ့တဲ့အခါ ဒီအဖြစ်အပျက်လေးကို သတိရစေချင်ပါတယ် ။

Crd