




Shoon (Cele Daily)

Unicode

သူမကိုရုပ်ဆိုးလို့ဆိုပြီး ချစ်သူကထားသွားသောကြောင့် လူတကာငေးရအောင်ပြုပြင်ခဲ့ပြီး အခြားကောင်မလေးများလည်း ခွဲစိတ်ပြုပြင်နိုင်အောင် အကြံပေးကုမ္ပဏီတည်ထောင်ပြီးသူဋ္ဌေးမလေးဖြစ်လာခဲ့

ယနေ့ကမ္ဘာကြီးကတော့ အရာရာတိုင်းကိုလိုချင်တဲ့ပုံစံဖြစ်လာအောင်ပြုပြင်နိုင်သည်အထိပင် ခေတ်မီတိုးတက်နေပြီလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံမှ Mikishiဆိုသည့်ကောင်မလေးဟာ ရုပ်ဆိုးလို့ဆိုပြီး ချစ်သူကောင်လေး၏ထားသွားခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။

ထိုအခါကောင်မလေးက လူတကာငေးမောရသော အလွန်ချောမောလှသည့်ကောင်မလေးတစ်ဦးဖြစ်လာအောင် ယန်း၄၀၀၀၀၀အထိအကုန်အကျခံကာပြုပြင်ခဲ့ခြင်းဖြစ်ပါတယ်။

ထို့အပြင်ကောင်မလေးဟာ သူမလိုရုပ်ဆိုးလို့အနှိမ်ခံနေရသည့် အခြားကောင်မလေးများလည်း ပြုပြင်မှုတွေလုပ်ဆောင်လိုလျှင် အကြံပေးနိုင်အောင် အလှပရေးရာပြုပြင်ရေးအကြံပေးကုမ္ပဏီကို တည်ထောင်ပြီး သူဋ္ဌေးမလေးဖြစ်လာခဲ့ပါတယ်။

Shoon (Cele Daily)

Crd