အကုန်လုံးကို ဝေခွဲမရအောင် ချစ်မိသွားခဲ့လို့ အမြွှာညီအစ်မသုံးယောက်စလုံးအား တစ်ချိန်တည်း အတူတူလက်ထပ်ယူခဲ့တဲ့ အမျိုးသားတစ်ဦး

အကုန်လုံးကို ဝေခွဲမရအောင် ချစ်မိသွားခဲ့လို့ အမြွှာညီအစ်မသုံးယောက်စလုံးအား တစ်ချိန်တည်း အတူတူလက်ထပ်ယူခဲ့တဲ့ အမျိုးသားတစ်ဦး

ငယ်စဉ်ကတည်းက အရာအားလုံးကိုအတူတူ မျှဝေခံစားလာခဲ့တာကြောင့် တူညီတဲ့ယောက်ျားတစ်ယောက်တည်းကိုလည်း အတူတူ လက်ထပ်ယူဖို့ရွေးချယ်ခဲ့ကြတဲ့ အမြွှာညီအစ်မသုံးဦး
တစ်ရက်တည်းမှာဘဲ ညီအစ်မသုံးယောက်နှင့် လက်ထပ်ပြီးနောက် အမျိုးသားတစ်ဦးဟာ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ အဆိုပါ Luwizo အမည်ရှိ အသက် ၃၂ ​​နှစ်အရွယ် အမျိုးသားဟာ Congo နိုင်ငံမှာ Natalie၊ Nadege နှင့် Natasha တို့ အမြွှာညီအမသုံးယောက်တို့နဲ့ တစ်ပြိုင်နက် လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ Luwizo ဟာ ညီအစ်မတစ်ဦးဖြစ်သည့် Natalie ကို Facebook မှာ ပထမဆုံးတွေ့ခဲ့ပြီး မကြာခဏ စကားပြောပြီးနောက် သူမကို ချစ်မိသွားခဲ့တာပါ။

.

သူဟာ Natalie နဲ့တွေ့ဖို့ဆုံးဖြတ်ပြီး Natalie ကလည်း သူမရဲ့ညီမတွေဖြစ်တဲ့ Nadege နဲ့ Natasha တို့ကိုပါ မိတ်ဆက်ပေးခဲ့ပြီးနောက်မှာတော့ ၎င်းတို့ကလည်း Luwizo ကို ချစ်မိသွာရခဲ့ကြပါတယ်။
အဆိုပါ အမြွှာညီအစ်မသုံးယောက်ဟာ ခွဲမရဖြစ်နေတာကြောင့် တူညီတဲ့ယောက်ျားတစ်ယောက်တည်းကို အတူတူ လက်ထပ်ယူဖို့ရွေးချယ်ခဲ့ကြပါတယ်။ အခြေအနေကို ဘယ်လို ထိန်းကျောင်းမလဲဆိုတဲ့အပေါ် သုံးယောက်ထဲက တစ်ယောက်က “ ကျွန်မတို့အားလုံးကို လက်ထပ်ရမယ်လို့ ပြောတော့ သူက အံ့သဩသွားခဲ့တယ်၊ ဒါပေမယ့် သူက ကျွန်မတို့အားလုံးကို ချစ်ပြီးသားဖြစ်သလို ကျွန်မတို့လည်း သူ့ကို ချစ်နေကတည်းက ကျွန်မတို့ရဲ့အစီအစဉ်တွေကို ဘယ်အရာကမှတားဆီးနိုင်မှာ မဟုတ်ဘူး ၊ မိန်းမသုံးယောက်က ခင်ပွန်းတစ်ယောက်ကို မျှဝေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လူတွေက ယူဆကြပေမဲ့ ငယ်စဉ်ကတည်းက အရာအားလုံးကိုမျှဝေခံစားလာခဲ့တာက ကျွန်မတို့ရဲ့ဘဝပါပဲ ” လို့ ဆိုခဲ့ပါတယ်။

.

.

.

သို့ပေမဲ့ Luwizo က သူ့မိဘတွေက သူ့ဆုံးဖြတ်ချက်ကို သဘောမတူလို့ မင်္ဂလာပွဲကို မတက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့မှာ နောင်တမရှိပါဘူးလို့ ဆိုပါတယ်။ “ ကျွန်တော်တို့အားလုံးက နောက်တစ်ခုရဖို့ တစ်ခုခုဆုံးရှုံးရမယ်၊ ဒါ့အပြင်၊ လူတစ်ဦးက သူ့ရဲ့ နှစ်သက်မှုတွေနဲ့ သူတို့ကိုယ်တိုင် လုပ်ဆောင်ရသည့် နည်းလမ်းတွေရှိတယ်၊ ဒါ့ကြောင့် သူများတွေ ဘယ်လိုထင်နေပါစေ သူတို့ ၃ ယောက်နဲ့ လက်ထပ်ရတာ ပျော်တယ်၊ ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို မထီမဲ့မြင်ပြုခဲ့ကြတယ်၊
အဲ့တာကြောင့်ဘဲ သူတို့ ကျွန်တော့်ရဲ့မင်္ဂလာပွဲကို မတက်ခဲ့ကြပါဘူး၊ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက အချစ်ဆိုတာ အကန့်အသတ်မရှိဘူးဆိုတာပါဘဲ ” လို့ Luwizo ကဆိုခဲ့ပါတယ်။ ထို့ပြင် အမြွှာသတို့သမီးသုံးယောက်ကတော့ “ ဒီနေ့တော့ ရှင်တို့မြင်တဲ့အတိုင်းပဲ ကျွန်မတို့ အရမ်းပျော်ရွှင်နေတယ်၊ ဘုရားသခင်က ကျွန်မတို့ရဲ့ဆုတောင်းသံကို ဘုရားသခင်ကြားတယ်ဆိုတော့ ကျွန်မတို့အိမ်မက်တွေ တကယ်ဖြစ်လာတယ် ” လို့လည်း ဆိုခဲ့ကြပါသေးတယ်။

Mia (Mckzone daily)

Reference : yabaleftonline

 

Crd