အနှိပ်ခန်းမှာ အနှိပ်ခံနေရင်း သေဆုံးသွားတဲ့ အမျိုးသားရဲ့အဖြစ်

အနှိပ်ခန်းမှာ အနှိပ်ခံနေရင်း သေဆုံးသွားတဲ့ အမျိုးသားရဲ့အဖြစ်

 











Photo credit
Nyo Nyo (boomnews)

Zawgyi

အနှိပ်ခန်းမှာ အနှိပ်ခံနေရင်း သေဆုံးသွားတဲ့ အမျိုးသားရဲ့အဖြစ်။ ခြေထောက်နာလို့ဆိုပြီး အနှိပ်ခန်းသွားပြီး အနှိပ်ခံသွားရာမှ သေဆုံးသွားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ဖူးသူဆိုရင် တစ်နေ့တာလုံး လျောက်လည်ပြီးတဲ့နောက် အနှိပ်သည်ကောင်းကောင်းနဲ့ အနှိပ်ခံရတာကအရသာအရမ်းရှိတာကို သိကြပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသည် တစ်ဦးကတော့ လည်ပတ်လျှောက်သွားပြီးတဲ့နောက်ခြေထောက်တွေနာလို့ ညောင်းလို့ဆိုပြီး အနှိပ်ခံလိုက်ရာက အသက်ပါ ပါသွားခဲ့တဲ့ဖြစ်ရပ်ကို အခုလိုသိရပါတယ်။

ပတ္တရားမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ၎င်းအဖြစ်မှာ ထိုင်းနိုင်ငံကအမျိုးသားတစ်ဦးဟာ အနှိပ်ခံနေစဉ်မှာပဲ သေသွားခဲ့တာပါ။ ထိုအမျိုးသားက သူငယ်ချင်းတွေနဲ့ ပတ္တရားကို အလည်လာတာဖြစ်ပါတယ်။ ရေပေါ်ဈေးသွားပြီးတဲ့နောက် သူ့ခြေထောက်တွေကအရမ်းနာလာခဲ့တာကြောင့် ခဏအနားယူတဲ့ သဘောနဲ့သူငယ်ချင်းတွေကို ထားခဲ့ပြီး အနှိပ်ခန်းကို ထွက်လာခဲ့ပါတယ်။

အနှိပ်ခန်းရောက်တဲ့အခါမှာတော့ ခြေထောက်တွေ သက်သာလိုသက်သာရာရငြား အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် (၁၀) မိနစ်လောက် အနှိပ်ခံပြီးတဲ့အခါမှာ ထိုအမျိုးသားဟာ ရုတ်တရက် အသက်ရှူရပ်သွားခဲ့ပါတယ်။

ဆိုင်ဝန်ထမ်းတွေလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး CPR ရှေးဦးသူနာပြုနည်းနဲ့ ကယ်တင်ခဲ့ကြပေမယ့် ထိုသူက သတိပြန်လည် မလာတော့ပါဘူး။ မိနစ်(၃၀) လောက် ကြာတဲ့အခါမှာ အရေးပေါ်လူနာတင်ယာဉ် ရောက်လာပါတယ်။ ဒါပေမယ့်လည်း အချည်းနှီးပါပဲ။

သေဆုံးသူ အမျိုးသားရဲ့ ညီငယ်ပြောဆိုပုံအရ သူ့အစ်ကိုဟာခရီးထွက်မလာခင် သူငယ်ချင်းတွေနဲ့ ဘောလုံးကစားရင်း ခြေကျင်းဝတ် လိမ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ နားလည်တတ်ကျွမ်းသူ ဆရာဝန်တစ်ဦးကတော့ ခြေထောက် သို့မဟုတ် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကနေ အဆုတ်ကို သွားတဲ့အခိုက် သွေးခဲတွေပိတ်ဆို့ခြင်း pulmonary embolism (PE) ကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ထိုင်းရိုးရာ ဆေးသုတေသနသိပ္ပံက ဒါရိုက်တာတစ်ဦးကတော့ထိုင်းအနှိပ်ပညာကြောင့် သေဆုံးသူဦးရေဟာ (ဝ.၀၁) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အနှိပ်ခံလာတဲ့ ဧည့်သည်တွေကို မနှိပ်ပေးခင်မှာ ၎င်းတို့ရဲ့ ကျန်းမာရေးကို သေချာစစ်ဆေးမေးမြန်းပြီးမှ ဝန်ဆောင်မှုပေးကြဖို့ အနှိပ်ခန်းတွေကို တိုက်တွန်းထားပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ သေဆုံးသူကို နှိပ်ပေးခဲ့တဲ့ အနှိပ်သည်အပါအဝင် အခင်းဖြစ်ပွားရာ အနှိပ်ခန်းဟာတရားဝင်လိုင်စင် ကိုင်ဆောင်ထားခြင်း ရှိမရှိကို စစ်ဆေးလျက်ရှိနေပါတယ်။ တကယ်လို့ တရားဝင်လိုင်စင်သာ မရှိခဲ့ရင်တော့ဒဏ်ငွေဘတ်(၅)သောင်း (သို့မဟုတ်) ထောင်ဒဏ်(၆)နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။

ဆရာဝန်တစ်ဦးကတော့ (၃၈.၅)ဒီဂရီ ဆဲလ်စီးယပ်စ်ထက်အဖျားရှိသူတွေ သွေးတိုးရှိသူတွေ အရိုးကျိုးထားသူတွေခန္ဓာကိုယ်ယောင်ကိုင်းသူတွေ၊ ဆီးချိုသွေးချို အတက်အကျမြန်သူတွေ၊ အနာဟောင်းလောင်းပေါက်ရှိသူတွေ၊ အရိုးရောဂါရှိသူတွေနဲ့ ကင်ဆာဝေဒနာရှင်တွေဟာ အနှိပ်ခံဖို့ မသင့်တော်ပါကြောင်း တိုက်တွန်းထားခဲ့ပါတယ်။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။
Photo credit
Nyo Nyo (boomnews)

Crd