အပြာရုပ်ရှင် တစ်နာရီကြည့်ခြင်းအားဖြင့် ဒေါ်လာ ၂၀ ပေးမည့် ကုမ္ပဏီတစ်ခု

အပြာရုပ်ရှင် တစ်နာရီကြည့်ခြင်းအားဖြင့် ဒေါ်လာ ၂၀ ပေးမည့် ကုမ္ပဏီတစ်ခု



အပြာရုပ်ရှင် တစ်နာရီကြည့်ခြင်းအားဖြင့် ဒေါ်လာ ၂၀ ပေးမည့် ကုမ္ပဏီတစ်ခု

မကြာသေးမီက ဗြိတိန်နိုင်ငံသား ငါးရာခိုင်နှုန်းဟာ အပြာရုပ်ရှင်ကြည့်ရန် အလုပ်က စက်များကို အသုံးပြုခဲ့ကြောင်း ဝန်ခံထား‌ပေမယ့်လည်း ပုံမှန်အားဖြင့် နာရီကြည့်နေစဉ်တွင် ညစ်ညမ်းရုပ်ရှင်ကြည့်ခြင်းမှာ အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုက ညစ်ညမ်းကားကြည့်ရုံနဲ့ အခကြေးငွေရစေမယ့် ထူးခြားတဲ့ အခွင့်အရေးကို ပေးဆောင်ခဲ့ပါတယ်။

Bedbible ဟာ ‘အွန်လိုင်းညစ်ညမ်းဗီဒီယိုများကြည့်ရှုခြင်း’ နှင့် ‘အချက်အလက်နှင့် ဒေတာများ’ စုဆောင်းရန်အတွက် တစ်နာရီလျှင်ကံကောင်းသူတစ်ဦးကို $20 (£15) ပေးစေလိုပြီး လိင်အနေအထား၊ ကြာချိန်၊ အမျိုးသားနှင့် အမျိုးသမီးအချိုး၊ ဆံပင်အရောင်ကာလာနဲ့ ဘာသာစကား စတာတွေကို စုဆောင်းရမှာဖြစ်ပါတယ်။ ထို့နောက် အဆိုပါဒေတာအား ‘ညစ်ညမ်းဗီဒီယိုများတွင် သဘောထား/ကိန်းဂဏန်းများအကြောင်း အတွင်းကျကျ အစီရင်ခံစာ’ ပြုလုပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း Bedbible.com မှ ဖော်ပြခဲ့ပါတယ်။

အလုပ်ကြော်ငြာတစ်ခုက “ညစ်ညမ်းကြည့်ဖို့ အခကြေးငွေရချင်သလား။ အဲ့တာဆိုရင်တော့ Bedbible.com ဟာ သင့်အတွက် ပြီးပြည့်စုံတဲ့ အလုပ်တစ်ခုရှိပါတယ်။ ကျွန်ုပ်တို့ဟာ Porn ရဲ့ အတွင်းပိုင်းကို နက်ရှိုင်းစွာ ထိုးဆင်းနေပါတယ်။ ပြီးတော့ ဒါကိုလုပ်ဖို့ သင့်ရဲ့အကူအညီလိုပါတယ်!” ‘ညစ်ညမ်းသုတေသနရဲ့အကြီးအကဲ’ အခန်းကဏ္ဍအတွက် လျှောက်ထားသူများဟာ ‘အိပ်မက်အခန်းကဏ္ဍ’ အတွက် သွားရောက်ရန် အသက် 21 နှစ်နှင့် အထက်ဖြစ်ရန် လိုအပ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ အရေးမကြီးပါဘူး။

အမည်၊ အီးမေးလ်နှင့် လက်ရှိအလုပ်အကိုင်အခြေအနေလိုမျိုး ရိုးရှင်းတဲ့ အသေးစိတ်အချက်အချို့ကို Bedbible.com ဝက်ဘ်ဆိုဒ်မှာ ဖြည့်သွင်းရမှာဖြစ်ပါတယ်။ Bedbible မှ Content Creator အကြီးအကဲ Edwina Caito က “ညစ်ညမ်းရုပ်ပုံစာပေဟာ ကမ္ဘာတစ်ဝှမ်းက ဘီလီယံပေါင်တန်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး လက်တွေ့ဘဝနမူနာတွေကနေ ပိုပြီးလေ့လာသင်ယူဖို့ စိတ်ကူး ထွက်ပေါ်လာခဲ့ပါတယ်။ “လူများရဲ့ ညစ်ညမ်းအကြိုက်များကို မျှတစွာကိုယ်စားပြုမှုဖန်တီးရန် ထိပ်တန်းကြည့်ရှုမှုအများဆုံး ဗီဒီယို 100 တွင် အဖြစ်အများဆုံး လိင်အနေအထားများကို ရှာဖွေရန် ကျွန်ုပ်တို့ ရွေးချယ်ခဲ့ပါတယ်။ ”

“သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍမှာ ပါဝင်သရုပ်ဆောင်ရတဲ့ အမျိုးအစားတွေ၊ အော်ဂဇင်အရေအတွက်နဲ့ ဖုံးကွယ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းတွေလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ စာရင်းဇယားတချို့ကို ကျွန်ုပ်တို့ လေ့လာနိုင်မယ်ဆိုတာ သေချာပါတယ်။” ဒီကမ်းလှမ်းမှုအတွက် ညစ်ညမ်းကြည့်ရှုသူများနှင့်အတူ လူ ၁၇ ရာခိုင်နှုန်းဟာ ဆိုရှယ်မီဒီယာကို ကြည့်ရှုရန် ဝန်ခံခဲ့ပြီး ၁၅ ရာခိုင်နှုန်းက သူတို့ရဲ့ ချစ်သူများကို ချက်ခြင်း မက်ဆေ့ချ်ပို့ခဲ့‌ကြောင်း သိရှိရပါတယ်။

Crd

Crd