အမေရိကန်ပိတ်ဆို့မူကြောင့် နိုင်ငံတကာအာကာသစခန်းပျက်ကျနိုင်တယ်လို့ ရုရှားအာကာသအေဂျင်စီကခြိမ်းခြောက်

အမေရိကန်ပိတ်ဆို့မူကြောင့် နိုင်ငံတကာအာကာသစခန်းပျက်ကျနိုင်တယ်လို့ ရုရှားအာကာသအေဂျင်စီကခြိမ်းခြောက်

အမေရိကန်ပိတ်ဆို့မူကြောင့် နိုင်ငံတကာအာကာသစခန်းပျက်ကျနိုင်တယ်လို့ ရုရှားအာကာသအေဂျင်စီကခြိမ်းခြောက်

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မူအသစ်တွေဟာ နိုင်ငံတကာအာကာသစခန်းထဲက ရုရှားနဲ့အမေရိကန်ပူးပေါင်းလုပ်ဆောင်မူကို ဖျက်စီးနိုင်ကြောင်း ရုရှားအာကာသအေဂျင်စီခေါင်းဆောင်ကပြောလိုက်ပါတယ်။လက်ရှိနိုင်ငံတကာအာကာသစခန်းပေါ်မှာ နာဆာအာကာသယာဉ်မှူးလေးဦး၊ရုရှားအာကာသယာဉ်မှူးနှစ်ဦးနဲ့ ဥရောပအာကာသယာဉ်မှူးတစ်ဦးတို့နေထိုင်နေကြပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားရဲ့အာကာသဆိုင်ရာနယ်ပယ်နဲ့ ပရိုဂရမ်တွေကိုထိခိုက်စေမဲ့ ပိတ်ဆို့မူတွေချမှတ်ပြီးချိန်မှာ ရိုကိုမို့စ်ဒါရိုက်တာ ဗိုလ်ချုပ်ဒီမီထရီ ရိုဂိုဇင်က အာကာသစခန်းအင်ဂျင်တွေဟာ ရုရှားအင်ဂျင်တွေဖြစ်ကြောင်း တွစ်တာကနေပြောကြားခဲ့ပါတယ်။

“ကျုပ်တို့ကိုပိတ်ဆို့မူတွေလုပ်လိုက်ရင် နိုင်ငံတကာအာကာသစခန်းထိန်းမရပဲ အမေရိကန်ကိုဖြစ်ဖြစ်၊ဥရောပကိုဖြစ်ဖြစ် ပျက်ကျမှာကိုဘယ်သူကာကွယ်ပေးမှာလဲ။တန် ၅၀၀ လောက်လေးတဲ့အာကာသစခန်းကြီး အိန္ဒိယနဲ့တရုတ်ပေါ်လည်း ပျက်ကျနိုင်ခြေရှိတယ်။အဲ့လိုဖြစ်စေချင်လို့လား။အာကာသစခန်းကရုရှားပေါ်မှာမဟုတ်ဘူး။စွန့်စားရမှာခင်ဗျားတို့ပဲ။အဆင်သင့်ဖြစ်နေလို့လား”လို့ပြောခဲ့ပါတယ်။

နာဆာပြောရေးဆိုခွင့်ရှိသူကတော့ အေဂျင်စီတွေကအစီအစဉ်ပြောင်းသွားဖို့မရှိပဲ လက်ရှိအတိုင်းပဲ လက်တွဲ‌လုပ်ဆောင်နေမှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။နိုင်ငံတကာအာကာသစခန်းဟာ အမေရိကန်၊ရုရှား၊ဂျပန်၊ကနေဒါနဲ့ ဥရောပ‌အာကာသအေဂျင်စီတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မူဖြစ်ပြီး ရုရှားအပိုင်းနဲ့ အမေရိကန်အပိုင်းဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။

“ရုရှားအပိုင်းက အမေရိကန်ဖက်ကလျှပ်စစ်မရပဲ မလည်ပတ်နိုင်ဘူး။အမေရိကန်ဖက်ကလည်း ရုရှားဖက်က တွန်းကန်အားမရှိရင် အလုပ်လုပ်မရဘူး။အဲ့တော့လုံးဝလမ်းခွဲပစ်လို့မရဘူး”လို့ နာဆာရဲ့အာကာသယာဉ်မှူးဟောင်း ဂါရက်ရေးစမန်က CNN သတင်းဌာနကိုပြောခဲ့ပါတယ်။

နာဆာဖက်ကတော့ ရိုဂိုဇင်ရဲ့ပြောကြားမူကို မှတ်ချက်တစ်စုံတစ်ရာပေးတာမရှိပေမဲ့ ရိုကိုမို့စ်နဲ့ တခြားနိုင်ငံတကာပါတနာတွေဖြစ်တဲ့ ကနေဒါ၊ဥရောပနဲ့ ဂျပန်တို့နဲ့ပူးပေါင်းပြီး နိုင်ငံတကာအာကသစခန်းရဲ့ လုံခြုံမူနဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာလို့ထုတ်ပြန်ထားပါတယ်။
Crd..mmload

Crd