အရင်ခေတ်တုန်းက “စုန်းမ”ဟုတ်မဟုတ် စစ်ဆေးတဲ့ ထူးထူးဆန်းဆန်းနည်းလမ်းများ

အရင်ခေတ်တုန်းက “စုန်းမ”ဟုတ်မဟုတ် စစ်ဆေးတဲ့ ထူးထူးဆန်းဆန်းနည်းလမ်းများ

အောက်လမ်းမှော်အတတ်ကိုလေ့ကျင့်ခြင်းဟာတစ်ချိန်တုန်းကလူသတ်မူနဲ့မုဒိမ်းမူတို့လိုပဲပြစ်မူကြီးတစ်ခုအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်BC၁၈၀၀လောက်ကတည်းကပေါ်ထွက်ခဲ့တဲ့ဟမ္မရာဘီကိုဓဥပဒေမှာလည်းမှော်အတတ်လေ့ကျင့်ခြင်းကိုတားမြစ်ထားပြီးအလယ်ခေတ်ဥပဒေစနစ်မှာလည်း စုန်းအတတ်လေကျင့်သူတွေကို စစ်ဆေးဖို့၊ပြစ်ဒဏ်ပေးဖို့အတွက် သတ်မှတ်ချက်စနစ်တွေရှိခဲ့ပါတယ်။

စုန်းဟုတ်လား မဟုတ်လားဆိုတာကို အလွယ်တကူမသိနိုင်တဲ့အတွက် စုန်းမုဆိုးတွေရဲ့ အကူအညီကိုယူရပြီး စုန်းလို့သံသယရှိတဲ့သူတွေကို နှိပ်စက်ခြင်း၊အမျိုးမျိုး စစ်ဆေးခြင်းနည်းများရှိခဲ့ပါတယ်။အခုတော့ ပရိတ်သတ်တွေအတွက် ရှေးခေတ်က စုန်းဟုတ်လား မဟုတ်လား စစ်ဆေးတဲ့နည်းတွေကို ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

၁။ရေထဲပစ်ချပြီးစစ်ဆေးခြင်း။

ရေထဲပစ်ချပြီး စစ်ဆေးတဲ့နည်းမှာစုန်းလို့ယိုးစွပ်ခံရတဲ့သူတွေကိုရေကန်တစ်ကန်အနီးသို့ခေါ်သွားြပ်ီးသူတို့တွေရဲ့အင်္ကျီတွေကိုချွတ်ပြီးတော့ ရေထဲကိုကြိုးချည်ပြီးပစ်ချလိုက်တာဖြစ်ပါတယ်။ပြီးရင် ထိုသူဟာရေထဲ မြှပ်သွားလား ပေါ်လာလားဆိုတာကို စောင့်ကြည့်တာဖြစ်ပါတယ်။

စုန်းတွေဟာခရစ်ယာန်ဘာသာရေးမှာနှစ်ခြင်းခံခြင်းကိုပြုလုပ်ခွင့်မရတဲ့အတွက်ရေကထိုစုန်းကိုလက်မခံဘဲရေအပေါ်တွင်ပေါ်စေသည်ဟူသောယုတ္တိကိုအခြေခံပြီးထိုစစ်ဆေးမူကိုပြုလုပ်ခဲ့ကြပါတယ်စွပ်စွဲခံရသူကိုခါးတွင်ကြိုးဖြင့်ချည်ပြီးရေထဲနစ်မြှပ်သွားလျှင်အပြစ်ကင်းသူလို့ယူဆကြပြီး ရေမှာပေါ်နေရင်တော့ စုန်းလို့ ယူဆကြတာဖြစ်ပါတယ်။

၂။ကျမ်းစကားရွတ်ဖတ်နည်းဖြင့်စစ်ဆေးခြင်း။

အလယ်ခေတ်မှာတုန်းကစုန်းတွေဟာကျမ်းစာကိုမရွတ်ဖတ်နိုင်ကြဘူးလို့ယုံကြည်ကြတဲ့အတွက်စုန်းလို့ယိုးစွပ်ခံရသူတွေကိုကျမ်းစာပိုဒ်တွေကို အလွတ်ရွတ်ဖတ်ခိုင်းခြင်းဖြင့် စစ်ဆေးခဲ့ကြခြင်းဖြစ်ပါတယ်။ကျမ်းစကားကိုရွတ်ဖတ်ရာမှာ စကားလုံးတစ်လုံး ကျန်ခဲ့ခြင်းမေ့ခဲ့ခြင်း မရှိမှာသာ အပြစ်ကင်းစင်တယ်လို့ သတ်မှတ်ကြပြီး အနည်းငယ်ကျန်ခဲ့ခြင်း တုန်လူပ်နေခြင်း စတဲ့အပြုအမူတွေဖြစ်ပေါ်နေတယ်ဆိုရင် ဒီလူဟာ နတ်ဆိုးနဲ့ပေါင်းဖော်တယ်ဆိုပြီး စုန်းလို့သတ်မှတ်ကြတာဖြစ်ပါတယ်။

သို့ပေမဲ့လည်းအောင်အောင်မြင်မြင်ရွတ်ဖတ်နိုင်ကြရင်တောင်မှကအပြစ်ကင်းတယ်လို့သတ်မှတ်ခြင်းမခံရဘဲဂျော့ဘာရောဖ်ဆိုတဲ့လူတစ်ယောက်ကို စုန်းလို့စွပ်စွဲခဲ့စဉ်ကလည်း ဂျော့ဘာရောဖ် ဟာ ကျမ်းစကားကို အထစ်အငေါ့မရှိ ရွတ်ဖတ်နိုင်ခဲ့ပေမဲ့လည်း ပယ်ချခဲ့ပြီး သေဒဏ်စီရင်ခြင်းခံခဲ့ရပါတယ်။

၃။အထိအတွေ့ဖြင့်စစ်ဆေးနည်း။

အထိအတွေ့ဖြင့်စစ်ဆေးတယ်ဆိုတာ မှော်ပညာနဲ့ပြုစားထားခြင်းခံရတဲ့သူတွေဟာသူတို့ကိုပြုစားသူတွေနဲ့ထိတွေ့တဲ့အခါတုံ့ပြန်မူရှိတယ်လို့ ယူဆပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ပြုစားခြင်းခံထားရသူဟာ မန္တာန်နဲ့ပဲဖြစ်ဖြစ် ၊တက်ခြင်းစတဲ့ ခန္တာကိုယ်ရောဂါတွေဖြစ်နေမယ်ဆိုရင် စုန်းယိုးစွပ်ခံရသူကို အခန်းထဲခေါ်လာပြီး ထိုလူနာအပေါ်လက်တင်ခိုင်းလိုက်တဲ့အခါမှာ ထိုလူနာက ဘာတုံ့ပြန်မူမှမရှိရင်အပြစ်ကင်းတယ်လို့ ယူဆကြပြီးလူနာဟာရုတ်တရက်ရောဂါမှပျောက်သွားတယ်ဆိုရင်တော့စုန်းဟာသူရဲ့ဂါထာကိုပြန်ရုတ်သိမ်းလိုက်တယ်လို့ယူဆကြတာဖြစ်ပါတယ်။

ဒီလိုအထိအတွေ့ဖြင့် စမ်းသပ်ခြင်းကို ၁၆၆၂ ခုနှစ်တုန်းက ကျော်ကြားခဲ့တဲ့ ရိုစ်ကူလင်ဒါနဲ့ အေမီဒမ်နီအမည်ရတဲ့ မိန်းမနှစ်ယောက်ဟာ မိန်းကလေး ၂ ယောက်ကိုပြုစားထားတဲ့ အမူမှာ စစ်ဆေးခဲ့ကြပါတယ်။ထိုလူနာမိန်းကလေးနှစ်ယောက်ဟာ တက်တဲ့ရောဂါကိုခံစားနေရပြီး သူတို့ရဲ့လက်သီးတွေကို ယောက်ကျားရင့်မကြီးတွေတောင်ခွာလို့မရအောင် တင်းကျပ်စွာပူးကပ်ထားကြပါတယ်။ဒါပေမဲ့ ရိုစ်ကူလင်ဒါနဲ့ အေမီဒမ်နီ တို့ကလေးမလေးနှစ်ယောက်ကို ထိတဲ့အခါ လက်နှစ်ဖက်ဟာ အလိုလိုကွာသွားခဲ့ပါတယ်။တရားသူကြီးက မသေချာမှာဆိုးလို ကလေးမလေးနှစ်ယောက်မျက်နှာကို အဝတ်နဲ့စီးပေးထားပြီး လူအမျိုးမျိုးကို ထိခိုင်းပေမဲ့ ရိုစ်ကူလင်ဒါနဲ့ အေမီဒမ်နီတို့ထိမှ ပဲ လက်တွေကွာသွားတဲ့အတွက် သူတို့နှစ်ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။

၄။စုန်းကိတ်မုန့်

စုန်းကိတ်မုန့်ဆိုတာကစုန်းအတတ်ကိုတန်ပြန်တိုက်ခိုက်တဲ့ထူးထူးဆန်းဆန်းအတတ်ပညာဖြစ်သလိုဒီကိတ်မုန့်ကိုစုန်းကိုအတိအကျသတ်မှတ်တဲ့နေရာမှာ အသုံးပြုတာဖြစ်ပါတယ်။တစ်ယောက်ယောက်ဟာထူးထူးဆန်းဆန်းဖျားနာနေတယ်ဆိုရင် စုန်းမုဆိုးတွေဟာ အဆိုပါလူနာရဲ့ ဆီးနည်းနည်း၊ဂျုံမူန့်နဲ့ ပြာကို ယူပြိး ကိတ်မုန့်လုပ်ပါတယ်။ပြီးတော့ ဒီကိတ်မုန့်ကို သံသယရှိတဲ့ စုန်းရဲ့ တိရစ္ဆာန်တွေ ကိုကျွေးလိုက်ရင် ထို တိရစ္ဆာန်ဟာ မန္တာန်တိုက်ခြင်းကို ခံစားရပြီး ပြုလုပ်သူစုန်းရဲ့ နာမည်ကို ပြောပြတယ်လို့ ယုံကြည်ခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။

၅။ဂါထာမန္တန် ရွတ်ဆိုခိုင်းခြင်း။

ဒီနည်းကိုအမိန့်ပေးခြင်းနည်းအဖြစ်လည်းခေါ်ဝေါ်ကြပြီးတော့စုန်းလို့ယိုးစွပ်ခံရသူကိုအတင်းအကျပ်နတ်ဆိုးကိုအမိန့်ပေးခိုင်းခြင်းပဲဖြစ်ပါတယ်ဒီအမိန့်ပေးခြင်းနည်းလမ်းကို၁၆ရာစုမှာတုန်းအဲလစ်ဆင်မြူရယ်နှင့်သူမရဲ့ယောင်္ကျားသမီးတို့ဟာပိုက်ဆံချမ်းသာတဲ့သရွတ်မော်တန်မိသားစုက ကောင်မလေးတွေကို ပြုစားထားတယ်ဆိုပြီး စွပ်စွဲပြီးနောက်တရားစီရင်မှာ အသုံးပြုခဲ့ပါတယ်။

တရားသူကြီးတွေဟာ ဆင်မြူရယ်ကို ” ငါက စုန်းပဲ၊ငါ နတ်ဆိုးကို ဒီကောင်မလေးတွေကို ပြုစားနေခြင်းမှလွှတ်ပေးလိုက်ရန်အမိန့်ပေးတယ် ” ဆိုတဲ့စာသားကို ရွတ်ဆိုခိုင်းပြီး ထိုကောင်မလေးတွေက ချက်ခြင်းပဲ ပြန်လည်ကျန်းမာလာတယ်ဆိုရင် စုန်းဖြစ်တယ်လို့ ယူဆပြီး သတ်ပစ်ခဲ့ပါတယ်။

Crd