အလုပ်ထဲမှာ သူဌေးဖြစ်သူဆီကနေ အဆူခံရပြီးတော့ စိတ်ဓာတ်ကျ ဝမ်းနည်းနေသော အမျိုးသမီးအား နှစ်သိမ့်ပေးနေသည့် မြင်းလေး

အလုပ်ထဲမှာ သူဌေးဖြစ်သူဆီကနေ အဆူခံရပြီးတော့ စိတ်ဓာတ်ကျ ဝမ်းနည်းနေသော အမျိုးသမီးအား နှစ်သိမ့်ပေးနေသည့် မြင်းလေး





Hlaing (Love Feeling)

Zawgyi

အလုပ်ထဲမှာ သူဌေးဖြစ်သူဆီကနေ အဆူခံရပြီးတော့ စိတ်ဓာတ်ကျ ဝမ်းနည်းနေသော အမျိုးသမီးအား နှစ်သိမ့်ပေးနေသည့် မြင်းလေး

တိရစ္ဆာန်လေးများသည်လည်း လူသားတို့အပေါ်တွင် ချစ်ခြင်းမေတ္တာ သံယောဇဉ်ကြီးတတ်ကြပြီး တစ်ခါတစ်လေ စိတ်ပျက်အထီးကျန်နေချိန်မှာ အကောင်းဆုံး အဖော်အဖြစ် ရှိနေပေးတတ်ကြသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် မြင်းမွေးမြူရေးခြံတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ရင်း တလွဲဖြစ်သွားချိန်တွင် သူဌေးဖြစ်သူဆီကနေ အဆူခံထိခဲ့သည်။

အမျိုးသမီးသည် သူဌေးဆူတာကို ခံလိုက်ရသည့်အတွက် ဝမ်းနည်းအားငယ်ကာ ငုတ်တုတ်လေးထိုင်ပြီး ငိုနေခဲ့ရာ သူမအားတွေ့ရှိသော မြင်းလေးမှာ သူတို့ရဲ့အထိန်းတော်လေးဝမ်းနည်းမှုသက်သာအောင် သူ့ရဲ့ကိုယ်ပေါ်မှာ မှီခိုစေခဲ့သည်။

မြင်းလေးရဲ့လုပ်ရပ်သည် မြင်တွေ့သူများကို ရင်ထဲနွေးထွေးသွားစေပြီး သူတို့ကိုအမြဲ အစာကျွေးလေ့ရှိတဲ့ ကျေးဇူးရှင်အပေါ် ကောင်းမွန်စွာ ဆက်ဆံပေးခဲ့၍ ကြင်နာတတ်သောမြင်းလေးအဖြစ် ချီးကျူးနေကြသည်။

Hlaing (Love Feeling)

Crd