အသက်ကြီးပြီဖြစ်သော်လည်း မိသားစုစားဝတ်နေရေးအတွက် ဓာတ်ဆီဆိုင်မှာ အလုပ်သမားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသေးသော အဖိုး

အသက်ကြီးပြီဖြစ်သော်လည်း မိသားစုစားဝတ်နေရေးအတွက် ဓာတ်ဆီဆိုင်မှာ အလုပ်သမားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသေးသော အဖိုး

လောကကြီးရှိ လူသားတိုင်းသည် အိုမင်းရင့်ရော်ခြင်းကို တစ်နေ့ရင်ဆိုင်ရမှာဖြစ်ပြီး ထိုအချိန်သို့ ရောက်သည့်အခါ မလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး သားသမီးများက တဖန်ကျွေးမွေးစောင့်ရှောက်ခြင်းဖြင့် သက်တောင့်သက်သာနဲ့ အနားယူရန် လိုလားကြသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၆၈နှစ်အရွယ် အဖိုးအိုတစ်ဦးသည် အိမ်ထောင်ကျ နောက်ကျပြီး အိုမင်းသည်ထိ သားသမီးတွေမှာ အငယ်လေးရှိသေးတာကြောင့် အနားမယူရသေးပဲ အလုပ်လုပ်ကိုင်နေရဆဲဖြစ်သည်။

အဖိုးအိုသည် မြို့ထဲရှိ ဓာတ်ဆီဆိုင်တစ်ခုမှာ ၁၀နှစ်ကျော်အကြာ အလုပ်သမားဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး အသက်အရွယ် အိုမင်းလာချိန်ထိ ဆိုင်ရှင်မှနားလည်ပေးကာ အလုပ်ခန့်ထားဆဲဖြစ်သည့်အတွက် စားဝတ်နေရေးအတွက် အဆင်ပြေနေခဲ့သည်။

အဖိုးအိုသည် ဆိုင်သို့လာရောက်သော ဖောက်သည်များကို ကြင်နာစွာဆက်ဆံပေးပြီး ဆိုင်ကယ်လေထိုး၊ ဆီဖြည့်သည့်သူအချို့မှာ အဖိုးအိုအား ပိုက်ဆံပိုပေးကာ ပြန်မအမ်းခိုင်းတော့ပဲ အဖိုးအိုအား ပေးကမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့၍ အများမှ အဖိုးအိုရဲ့ စိတ်ဓာတ်ကို ချီးမွမ်းခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi

အသက္ႀကီးၿပီျဖစ္ေသာ္လည္း မိသားစုစားဝတ္ေနေရးအတြက္ ဓာတ္ဆီဆိုင္မွာ အလုပ္သမားဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနေသးေသာ အဖိုး

ေလာကႀကီးရွိ လူသားတိုင္းသည္ အိုမင္းရင့္ေရာ္ျခင္းကို တစ္ေန႔ရင္ဆိုင္ရမွာျဖစ္ၿပီး ထိုအခ်ိန္သို႔ ေရာက္သည့္အခါ မလုပ္ႏိုင္မကိုင္ႏိုင္ျဖစ္ၿပီး သားသမီးမ်ားက တဖန္ေကြၽးေမြးေစာင့္ေရွာက္ျခင္းျဖင့္ သက္ေတာင့္သက္သာနဲ႔ အနားယူရန္ လိုလားၾကသည္။

သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံမွ အသက္ ၆၈ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးသည္ အိမ္ေထာင္က် ေနာက္က်ၿပီး အိုမင္းသည္ထိ သားသမီးေတြမွာ အငယ္ေလးရွိေသးတာေၾကာင့္ အနားမယူရေသးပဲ အလုပ္လုပ္ကိုင္ေနရဆဲျဖစ္သည္။

အဖိုးအိုသည္ ၿမိဳ႕ထဲရွိ ဓာတ္ဆီဆိုင္တစ္ခုမွာ ၁၀ႏွစ္ေက်ာ္အၾကာ အလုပ္သမားဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့ၿပီး အသက္အ႐ြယ္ အိုမင္းလာခ်ိန္ထိ ဆိုင္ရွင္မွနားလည္ေပးကာ အလုပ္ခန္႔ထားဆဲျဖစ္သည့္အတြက္ စားဝတ္ေနေရးအတြက္ အဆင္ေျပေနခဲ့သည္။

အဖိုးအိုသည္ ဆိုင္သို႔လာေရာက္ေသာ ေဖာက္သည္မ်ားကို ၾကင္နာစြာဆက္ဆံေပးၿပီး ဆိုင္ကယ္ေလထိုး၊ ဆီျဖည့္သည့္သူအခ်ိဳ႕မွာ အဖိုးအိုအား ပိုက္ဆံပိုေပးကာ ျပန္မအမ္းခိုင္းေတာ့ပဲ အဖိုးအိုအား ေပးကမ္းခဲ့ေပမယ့္ ျငင္းဆန္ခဲ့၍ အမ်ားမွ အဖိုးအိုရဲ႕ စိတ္ဓာတ္ကို ခ်ီးမြမ္းခဲ့ၾကသည္။

Hlaing (Love Feeling)

Crd