အာဖဂန္နစၥတန္ဘဏ္မွ ကုလသမဂၢပိုင္ ေဒၚလာသန္းခ်ီပိတ္မိေနၿပီး ထုတ္မရျဖစ္ေန

အာဖဂန္နစၥတန္ဘဏ္မွ ကုလသမဂၢပိုင္ ေဒၚလာသန္းခ်ီပိတ္မိေနၿပီး ထုတ္မရျဖစ္ေန

အာဖဂန်နစ္စတန်ဘဏ်မှ ကုလသမဂ္ဂပိုင် ဒေါ်လာသန်းချီပိတ်မိနေပြီး ထုတ်မရဖြစ်နေ

ယူနီကုဒ္ျဖင့္ ဖတ္မရသူမ်ား ေအာက္ဖက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ေဖာ္ျပေပးထားပါသည္။
အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ကတိကြောင့် အာဖဂန် နိုင်ငံတကာဘဏ်မှာ ဒီငွေကြေးတွေကို အပ်နှံထားခဲ့တာလို့ အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ခေါင်းဆောင် အဗ္ဗဒလာ အယ်လ် ဒါဒါရီက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ တာလီဘန်တွေက အာဏာသိမ်းခဲ့ပြီးနောက် ပြည်တွင်းမှာ အသုံးတွင်ကျယ်ခဲ့တဲ့ နိုင်ငံခြားငွေကြေး ဒေါ်လာသုံးစွဲမှုကို တားမြစ်ခဲ့ပါတယ်။

တာလီဘန်အစိုးရကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အပြင်အာဖဂန်နစ္စတန်ရဲ့ ဗဟိုဘဏ်မှာ ပိတ်မိနေတဲ့ ဘီလျံနဲ့ချီတဲ့ ဒေါ်လာငွေတွေ တာလီဘန်လက်ထဲ ရောက်မသွားရအောင်လို့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ထားတဲ့အတွက်

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆက်ပေးဖို့အတွက် နှောင့်နှေးမှုတွေ ကြုံလာခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့က ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
Crd..UnitedNations
Zawgyi

အာဖဂန္နစၥတန္ဘဏ္မွ ကုလသမဂၢပိုင္ ေဒၚလာသန္းခ်ီပိတ္မိေနၿပီး ထုတ္မရျဖစ္ေန

အာဖဂန္နစၥတန္ဘဏ္မွာ အပ္ႏွံထားတဲ့ ကုလသမဂၢ ရန္ပုံေငြေဒၚလာ ၁၃၅ သန္းခန႔္ဟာ တာလီဘန္အစိုးရက ထိန္းခ်ဳပ္ထားတဲ့ ဗဟိုဘဏ္က အာဖဂန္ေငြေၾကးႏွင့္ ဖလွယ္မေပးနိုင္တဲ့အတြက္ ထုတ္ယူမရျဖစ္ေနေၾကာင္း ကုလသမဂၢအရာရွိတစ္ဦးက ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။

ဗဟိုဘဏ္က အာဖဂန္ေငြေၾကးနဲ႔ ဖလွယ္ေပးပါမယ္ဆိုတဲ့ကတိေၾကာင့္ အာဖဂန္ နိုင္ငံတကာဘဏ္မွာ ဒီေငြေၾကးေတြကို အပ္ႏွံထားခဲ့တာလို႔ အာဖဂန္နစၥတန္ရွိ ကုလသမဂၢ ဖြံ့ၿဖိဳးေရးအစီအစဥ္ေခါင္းေဆာင္ အဗၺဒလာ အယ္လ္ ဒါဒါရီက ေျပာဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္းမွာ တာလီဘန္ေတြက အာဏာသိမ္းခဲ့ၿပီးေနာက္ ျပည္တြင္းမွာ အသုံးတြင္က်ယ္ခဲ့တဲ့ နိုင္ငံျခားေငြေၾကး ေဒၚလာသုံးစြဲမႈကို တားျမစ္ခဲ့ပါတယ္။

တာလီဘန္အစိုးရကို နိုင္ငံတကာက ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ခဲ့တဲ့အျပင္အာဖဂန္နစၥတန္ရဲ့ ဗဟိုဘဏ္မွာ ပိတ္မိေနတဲ့ ဘီလ်ံနဲ႔ခ်ီတဲ့ ေဒၚလာေငြေတြ တာလီဘန္လက္ထဲ ေရာက္မသြားရေအာင္လို႔ ဘဏ္စာရင္းေတြကို ထိန္းခ်ဳပ္ထားတဲ့အတြက္

ကုလသမဂၢနဲ႔ နိုင္ငံတကာ ကူညီေထာက္ပံ့ေရး အဖြဲ႕အစည္းေတြရဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြ ဆက္ေပးဖို႔အတြက္ ေႏွာင့္ေႏွးမႈေတြ ၾကဳံလာခဲ့ရျခင္းပဲ ျဖစ္ပါတယ္။ ဒီအေျခအေနကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို႔ ကုလသမဂၢနဲ႔ ကမၻာ့ဘဏ္တို႔က ေဆြးေႏြးေနၾကဆဲ ျဖစ္ပါတယ္။
Crd..UnitedNations

Crd