အီရတ်မှာ အမေရိကန်ဆုံးရှုံးခဲ့တဲ့ ဟယ်လီကော်ပတာများ – The Geek Text



Post Views:
692

အီရတ်မှာအမေရိကန်ဆုံးရှုံးခဲ့တဲ့ ဟယ်လီကော်ပတာများ

အမေရိကန်ဆိုတာနဲ့ စစ်အင်အားကြီးမားတဲ့ နိုင်ငံလို့ သိကြမှာပါ။ ကြည်း၊ရေ၊လေ အင်အားကလဲ ကမ္ဘာ့နံပါတ်တစ်ပါ။ ဒါပေမဲ့ စစ်ရဲ့သဘောအရ သူ့မှာလဲ ဆုံးရှုံးရတာတွေ ရှိပါတယ်။

ခုတစ်ခါတော့ အီရတ်တစ်နိုင်ငံထဲမှာ ၂၀၀၃ ခုနှစ်၊ မတ်လမှ ၂၀၀၇ ခုနှစ်၊ဖေဖေါ်ဝါရီလအတွင်း ဆုံးရှုံးခဲ့ရတဲ့ ယူအက်စ်ရဲ့ ဟယ်လီကော်ပတာတွေအကြောင်း ကောက်နှုတ်တင်ပြလိုက်ပါတယ်။

၁။ Apache

Apache 64

Apache 64 ဟာ နှစ်ယောက်စီးတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အစွမ်းထက်တဲ့ ယာဉ်တစ်စီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုံးကျည်ကြောင့် ၂၄ စီး ဆုံးရှုံးခဲ့ပါတယ်။ မယုံနိုင်စရာပါ။ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၁.၃ သန်း ရှိပါတယ်။

၂။ OH-58 Kiowa Warrior

OH-58 Kiowa Warrior

နှစ်ယောက်စီး ကင်းထောက်နဲ့ တိုက်ခိုက်ရေးအမျိုးအစား ဖြစ်ပါတယ်။ ဆုံးရှုံးမှု အရေအတွက်က ၁၇ စီးဖြစ်ပြီး ဒေါ်လာ ၈.၁ သန်းတန်ဖိုးရှိပါတယ်။

၃။ H-60 Black Hawk

Black Hawk

Black Hawk ရဟတ်ယာဉ်ဟာ ၃ ယောက်မောင်းဖြစ်ပြီး ရှေ့တန်းတိုက်ခိုက်ရေး ရဟတ်ယာဉ်ပါ။ စစ်သည် ၁၁ ဦး တင်ဆောင်ပြီး‌ မြေပြင်တိုက်ပွဲ‌ တွေကို ထောက်ပံ့နိုင်ဖို့ ပုံစံထုတ် တည်ဆောက်ထားပါတယ်။

ဒီနာမည်ကြီး ရဟတ်ယာဉ်ဟာ အီရတ်မှာ ၁၅ စီး ဆုံးရှုံးခဲ့ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၅.၉ သန်း ရှိပါတယ်။

၄။ AH-1W Super Cobra

ယူအက်စ်မရိမ်းတပ်ဖွဲ့တွေအတွက်သုံးတဲ့ ရဟတ်ယာဉ်ပါ။ တိုက်ခိုက်ရေးအတွက်လဲ အသုံးဝင်ပါတယ်။

ဒါပေမဲ့ အီရတ်မှာ ၈ စီး ဆုံးရှုံးခဲ့ပြီး ဒေါ်လာ ၁၀.၇ သန်း တန်ဖိုးဆုံးသွားပါတယ်။

၅။ CH-47 Chinook

CH-47 Chinook

Heavy Lifter အမျိုးအစား ဖြစ်ပါတယ်။ နှစ်ယောက်‌မောင်း ဖြစ်ပြီး စစ်သည် ၅၅ ယောက်အထိသယ်ဆောင်နိုင်ပါတယ်။

သူလဲ ၅ စီး ပစ်ချခံရပြီး ဒေါ်လာ ၃၂ သန်းဖိုး ဆုံးရှုံးခဲ့ပါတယ်။

၆။ CH-46 Sea Knight

CH-46 Sea Knight

မရိန်းတပ်ဖွဲ့သုံး အလယ်အလတ်တန်းစား တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပါတယ်။အမှုထမ်း၅ ယောက်ပါဝင်ပြီး စစ်သည် ၁၄ ဦး တင်ဆောင်နိုင်ပါတယ်။ ဆုံးရှုံးမှုကတော့ ၅ စီးပါ။

၇။ MH-53 Pave Low

MH-53 Pave Low

ယူအက်စ် အထူးတပ်ဖွဲ့အတွက် သုံးပါတယ်။အမှုထမ်း ၅ ဦးနဲ့ စစ်သည် ၄၄ ဦး တင်ဆောင်နိုင်ပါတယ်။၂ စီးပစ်ချခံရပြီး ဒေါ်လာ ၂၅ သန်းဖိုးပါ။

ပစ်ချခံရတာမဟုတ်တဲ့ အခြား ဆုံးရှုံးမှုတွေလည်း ရှိပါသေးတယ်။ နိုင်ငံအလိုက် အောက်မှာ ဖေါ်ပြလိုက်ပါတယ်။

ယူအက်စ် ၁၂ စီး၊ယူကေ ၄ စီး၊ အီတလီ ၁ စီး၊ ပိုလန် ၁ စီး၊ ရုရှား ၂ စီးတို့ ဖြစ်ပါတယ်လို့။

Knight News Team

Crd

Crd