အေးခဲနေတဲ့မြစ်ရေထဲသို့ ကားထိုးကျသွားခဲ့ပေမဲ့ အပူအပင်ကင်းစွာနဲ့ selfie ဆွဲကောင်းနေခဲ့တဲ့ မိန်းကလေးတစ်ဦး

အေးခဲနေတဲ့မြစ်ရေထဲသို့ ကားထိုးကျသွားခဲ့ပေမဲ့ အပူအပင်ကင်းစွာနဲ့ selfie ဆွဲကောင်းနေခဲ့တဲ့ မိန်းကလေးတစ်ဦး

Canada နိုင်ငံရဲ့မြို့တော် Ottawa မြို့ရှိ အမျိုးသမီးတစ်ဦးဟာ Manotick ဆင်ခြေဖုံးရပ်ကွက်ရှိ Rideau မြစ်ထဲသို့နစ်မြုပ်သွားခဲ့တဲ့ သူမရဲ့ကားဖင်ပေါ်မှာရပ်နေစဉ် အပူအပင်ကင်းကင်းနဲ့ စိတ်အေးလက်အေး ဆယ်လ်ဖီရိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က မြစ်ရေထဲသို့ ကားနစ်မြုပ်သွားခဲ့တဲ့ ထိုကားပိုင်ရှင်အမျိုးသမီးအား ကားပေါ်မှ ရေခဲပြင်ပေါ်သို့ ခုန်ကူးနိုင်ဖို့ ကြိုးစားရာမှာ ကယပ်လှေကိုအသုံးပြုရန် လျင်မြန်စွာတွေးခေါ်နိုင်ခဲ့ခြင်းကြောင့် ၎င်းကယ်ဆယ်မှုမှပါ၀င်သူများအားလုံးကို ချီးကျူးခဲ့ပါတယ်။ ထို့ပြင် ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ အဆိုပါအမျိုးသမီးအား ကနေဒါနိုင်ငံ ရာဇ၀တ်ကျင့်ထုံးဥပဒေအရ မော်တော်ယာဉ်ကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ရှင်းပြခဲ့ပါတယ်။

.

ထိုယာဉ်မောင်းအမျိုးသမီးက ရေခဲပြင်ပေါ်သို့ မောင်းထွက်လာတဲ့အချိန်ကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် မြစ်ကမ်းဘေးရှိနေအိမ်များဆီက ကင်မရာမှတ်တမ်းများအရ ထိုယာဉ်မောင်းအမျိုးသမီးမောင်းတဲ့ကားလို့ယူဆရတဲ့ အဝါရောင်ကားတစ်စီးက အေးခဲနေတဲ့ မြစ်ကမ်းစပ်ဆီသို့ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ထိုဗီဒီယိုနဲ့ပတ်သတ်ပြီး အင်တာနက်အသုံးပြုသူများက မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။ တချို့က ” ဘာကြောင့် သူမက အေးခဲနေတဲ့မြစ်ထဲစီးဖို့ ကြိုးစားနေတာလဲ ” လို့ မှတ်ချက်ပေးသူများရှိသလို ” သူမ ရိုက်ခဲ့တဲ့ ထို selfie က အမိုက်စား selfie တစ်ခုဖြစ်တယ်ဆိုတာ ဝန်ခံရမယ် ” ၊ “ ဒါမှမဟုတ် သူမက challenge အသစ်တစ်ခုကို ဖန်တီးချင်နေတာနေမှာ ” လို့လည်း မှတ်ချက်ပေးသူများလည်း ရှိပါတယ်။

JRose (KB Chimmy One)

Zawgyi

ေအးခဲေနတဲ့ျမစ္ေရထဲသို႔ ကားထိုးက်သြားခဲ့ေပမဲ့ အပူအပင္ကင္းစြာနဲ႔ selfie ဆြဲေကာင္းေနခဲ့တဲ့ မိန္းကေလးတစ္ဦး

Canada ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Ottawa ၿမိဳ႕ရွိ အမ်ိဳးသမီးတစ္ဦးဟာ Manotick ဆင္ေျခဖုံးရပ္ကြက္ရွိ Rideau ျမစ္ထဲသို႔နစ္ျမဳပ္သြားခဲ့တဲ့ သူမရဲ႕ကားဖင္ေပၚမွာရပ္ေနစဥ္ အပူအပင္ကင္းကင္းနဲ႔ စိတ္ေအးလက္ေအး ဆယ္လ္ဖီ႐ိုက္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕က ျမစ္ေရထဲသို႔ ကားနစ္ျမဳပ္သြားခဲ့တဲ့ ထိုကားပိုင္ရွင္အမ်ိဳးသမီးအား ကားေပၚမွ ေရခဲျပင္ေပၚသို႔ ခုန္ကူးႏိုင္ဖို႔ ႀကိဳးစားရာမွာ ကယပ္ေလွကိုအသုံးျပဳရန္ လ်င္ျမန္စြာေတြးေခၚႏိုင္ခဲ့ျခင္းေၾကာင့္ ၎ကယ္ဆယ္မႈမွပါ၀င္သူမ်ားအားလုံးကို ခ်ီးက်ဴးခဲ့ပါတယ္။ ထို႔ျပင္ ရဲတပ္ဖြဲ႕က အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး သတင္းထုတ္ျပန္ခ်က္မွာ အဆိုပါအမ်ိဳးသမီးအား ကေနဒါႏိုင္ငံ ရာဇ၀တ္က်င့္ထုံးဥပေဒအရ ေမာ္ေတာ္ယာဥ္ကို အႏၲရာယ္ျဖစ္ေစတဲ့ လုပ္ေဆာင္ခ်က္တစ္ခုျဖင့္ တရားစြဲဆိုထားေၾကာင္း ရွင္းျပခဲ့ပါတယ္။

ထိုယာဥ္ေမာင္းအမ်ိဳးသမီးက ေရခဲျပင္ေပၚသို႔ ေမာင္းထြက္လာတဲ့အခ်ိန္ကို ရွင္းရွင္းလင္းလင္း မသိရေပမယ့္ ျမစ္ကမ္းေဘးရွိေနအိမ္မ်ားဆီက ကင္မရာမွတ္တမ္းမ်ားအရ ထိုယာဥ္ေမာင္းအမ်ိဳးသမီးေမာင္းတဲ့ကားလို႔ယူဆရတဲ့ အဝါေရာင္ကားတစ္စီးက ေအးခဲေနတဲ့ ျမစ္ကမ္းစပ္ဆီသို႔ အရွိန္ျပင္းျပင္းနဲ႔ ေမာင္းႏွင္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ထိုဗီဒီယိုနဲ႔ပတ္သတ္ၿပီး အင္တာနက္အသုံးျပဳသူမ်ားက မွတ္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ၾကပါတယ္။ တခ်ိဳ႕က ” ဘာေၾကာင့္ သူမက ေအးခဲေနတဲ့ျမစ္ထဲစီးဖို႔ ႀကိဳးစားေနတာလဲ ” လို႔ မွတ္ခ်က္ေပးသူမ်ားရွိသလို ” သူမ ႐ိုက္ခဲ့တဲ့ ထို selfie က အမိုက္စား selfie တစ္ခုျဖစ္တယ္ဆိုတာ ဝန္ခံရမယ္ ” ၊ “ ဒါမွမဟုတ္ သူမက challenge အသစ္တစ္ခုကို ဖန္တီးခ်င္ေနတာေနမွာ ” လို႔လည္း မွတ္ခ်က္ေပးသူမ်ားလည္း ရွိပါတယ္။

JRose (KB Chimmy One)

crd

Crd