နေတိုးစစ်စာချုပ်အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီး လစ်ဗစ်မြို့ပြင်ရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုအား ရုရှားတပ်များက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု အများအပြားပြုလုပ်

နေတိုးစစ်စာချုပ်အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီး လစ်ဗစ်မြို့ပြင်ရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုအား ရုရှားတပ်များက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု အများအပြားပြုလုပ်

နေတိုးစစ်စာချုပ်အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီး လစ်ဗစ်မြို့့ပြင်ရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုအား ရုရှားတပ်များက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု အများအပြားပြုလုပ်

(မတ်-၁၄၊၂၀၂၂) ပိုလန်နယ်စပ်အနီး ယူကရိန်းစစ်တပ်အခြေစိုက်စခန်းကို ရုရှားစီးနင်းတိုက်ခိုက်။ ရုရှားနှင့် အ လွန်နီးကပ်သည့် ယူကရိန်းနိုင်ငံအတွင်း နေတိုးအုပ်စု စစ်သင်တန်းလေ့ကျင့်ပေးလျှက်ရှိကြောင်း မော်စကိုက အကြိမ်ကြိမ်တိုင်ကြားခဲ့သည့်စခန်းကို ဒုံးကျည်အစင်း ၃၀ ကျော်ထိမှန်၍ ၃၅-ဦးထက်မနည်း သေဆုံး

နေတိုးစစ်စာချုပ်အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီး လစ်ဗစ်မြို့့ပြင်ရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုအား ရုရှားတပ်များက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောဆိုသည်။ ယခုကဲ့သို့ တိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၄ ရက် မော်စကိုကျူးကျော် မှုတွင် ယူကရိန်းနိုင်ငံအတွင်း အနောက်ဘက်အကျဆုံးနယ်မြေ၌ ရုရှားတို့၏ ထိုးနှက်မှုဖြစ်ပုံရသည်ဟု Al Jazeera က ယနေ့ရေးသားသည်။.

ပိုလန်နယ်စပ်မှတ်တိုင်မှ ၁၅ မိုင်မျှသာ ကွာဝေးရာတွင် တည်ရှိသည့် ကြီးမားသော ယူကရိန်း အဆောက် အအုံကို ရုရှားတို့က ခရုဇ်ဒုံးကျည် အစင်းပေါင်း ၃၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၃၅-ဦးထက်မနည်း သေဆုံပြီး ၁၃၄-ဦး ဒဏ်ရာရရှိကြောင်း လစ်ဗစ်ပြည် နယ်အုပ် အုပ်ရေးမှူးက တနင်္ဂနွေနေ့၌ ပြောဆိုသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် နိုင်ငံခြားတိုင်းပြည်များမှ ပံ့ပိုးပေးသော လက်နက်အများအပြားတို့ သိုလှောင်ထားရာအဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့ပြီး “နိုင်ငံခြား ကြေးစားစစ်သား ၁၈၀” အထိ သေဆုံးသည်ဟု ဖော်ပြသည်။

အယ်လ်ဂျာဇီးရားအနေဖြင့်မူ ရုရှားနှင့် ယူကရိန်းစစ်တပ်တို့၏ သတင်းထုတ်ပြန်ချက်များကိုသာ ဖော်ပြနိုင်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

၁၄၀-စတုရန်းမိုင်ခန့်ကျယ်ဝန်းသော ယာဘိုရီ_စစ်အခြေစိုက်စခန်းကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ထိန်း သိမ်းမှုနှင့် လုံခြုံရေးစင်တာဟုလည်း လူသိများပြီး အမေရိကန်နှင့် အခြားနေတိုးနိုင်ငံတို့က ယူကရိန်း စစ် ဘက်ဆိုင်ရာဝန်ထမ်းများအား သင်တန်းပို့ချလေ့ကျင့်ပေးရာ၌ ကြာမြင့်စွာ အသုံးပြုခဲ့သည်။

၄င်းစစ်အခြေစိုက်စခန်းတွင် နေတိုး၏ နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများကိုလည်း လက်ခံကျင်းပခဲ့ဖူးပြီး ယူက ရိန်းနှင့် နိုင်ငံတကာတပ်ဖွဲ့များအကြား “စစ်ရေးပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်” ကို ထည့်သွင်းပေးရာ နေရာ ဖြစ်ကြောင်း နေတိုးအကြီးတန်းအရာရှိ ရေတပ်ဗိုလ်ချုပ်ကြီးက ယခင် ချီးကျူးခဲ့ဖူးသည်။ ထို့ကြောင့်လည်း ရုရှားနှင့် နီးကပ်လွန်းသော အရှေ့ဥရောပယူကရိန်းနိုင်ငံတွင် အဖွဲ့ဝင်တိုင်းပြည် ၃၀ ပါ အနောက်အုပ်စု စစ်မဟာမိတ်အဖွဲ့က နယ်မြေချဲ့ထွင်လာကြောင်း ကာလကြာရှည်စွာ ရုရှား၏တိုင်ကြားချက်အား ကိုယ်စား ပြုသည့် စစ်အခြေစိုက်စခန်းဖြစ်သည်။

ယူကရိန်းတွင် ရန်လိုမှုများအား အဆုံးသတ်ရေးအတွက် အနောက်အုပ်စုနေတိုးအဖွဲ့နှင့် ပူးပေါင်းရေးရည်မှန်း ချက်များအား စွန့်လွှတ်ရန် အခြေအနေဖြစ်လာကြောင်း မော်စကို၏ ထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြခဲ့ဖူးသည်။
တနင်္ဂနွေနေ့ တိုက်ခိုက်မှုများမှာ ရုရှား၏စစ်ဆင်ရေးအပေါ် တွန်းလှန်ဆန့်ကျင်လျှက်ရှိသည့် ယူကရိန်း တိုက် ခိုက်ရေးသမားတို့၏ ၄င်းတို့နိုင်ငံအား ခုခံကာကွယ်ရေး အထောက်အကူဖြစ်စေသည့် နိုင်ငံခြားလက်နက်တင်ပို့ မှုများအား ပစ်မှတ်ရန် ရုရှား၏ နောက်ဆက်တွဲ ခြိမ်းခြောက်မှု ဖြစ်လာသည်။

နိုင်ငံခြားသား စစ်ပညာပို့ချသူများသည် ယာဘိုရီစစ်အခြေစိုက်စခန်းတွင် အလုပ်လုပ်ခဲ့ကြောင်း ယူကရိန်းကာ ကွယ်ရေးဝန်ကြီးက ပြောဆိုပြီး သေဆုံးသူများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းရန် ဆောင် ရွက်လျှက်ရှိကြောင်း ၎င်း၏ အွန်လိုင်း ရေးသားချက်တစ်ခု၌ ဖော်ပြသည်။

ရုရှား၏ကျူးကျော်မှုစတင်ကတည်းက ယူကရိန်းနိုင်ငံသားအများအပြားတို့သည် ဘေးကင်းရာ လစ်ဗစ်မြို့သို့ ထွက်ပြေးခဲ့ကြသည်။ အိမ်နီးချင်းတိုင်းပြည်များသို့ ယူကရိန်းမှ ထွက်ခွာမည့်သူများအတွက် သယ်ယူပို့ဆောင် ရေး အချက်အချာမြို့လည်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံသို့ စစ်တပ်များစေလွှတ်ပြီး သီတင်းနှစ်ပတ်ကျော်အကြာတွင် ယူကရိန်း ဒွန်ဘတ်စ်ဒေသမှ မော်စကိုလိုလားသော ခွဲထွက်ရေးသမားများကိုကူညီရန် နိုင်ငံရပ်ခြားမှအပါအဝင် ဗော်လံတီယာများအား ရုရှားသမ္မတဗလာဒီမာပူတင်က သောကြာနေ့၌ ထောက်ခံခဲ့သည်။

ယူကရိန်းခွဲထွက်နယ်မြေ လူအန့်စ်နှင့် ဒွန်ညက်တို့၏ လွတ်လွပ်ရေးကို အသိအမှတ်ပြုရန် ထောက်ခံမဲ ပေးခဲ့ ကြသည့် ရုရှားဒူးမားလွှတ်တော်အမတ် ၃၈၆-ဦးတို့ကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သောကြာနေ့ ထုတ်ပြန်သည့် လန်ဒန်၏ကြေညာချက်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် သံတမန်ရေး အရ ဖိအားများတိုးမြင့်လာစေရန် ဗြိတိန်နှင့် အခြားနိုင်ငံတကာ မဟာမိတ်များက ချမှတ်ထားသော ဒဏ်ခတ် အရေးယူမှု အများအပြားတွင် နောက်ဆုံးဖြစ်သည်။

မာရီယူပိုလ်မြို့တွင် တူရကီနိုင်ငံသားများအပါအဝင် ကလေးနှင့် လူကြီး ၈၀ ကျော် ခိုလှုံနေသည့် ဗလီတစ်ခုကို စနေနေ့တွင် ရုရှားတို့၏ အမြောက်ကြီးကျည် ထိမှန်ကြောင်း ယူကရိန်းနိုင်ငံက ပြောဆိုသည်။ သို့ရာတွင် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိသူ မည်မျှရှိကြောင်း ဖော်ပြခြင်း မရှိပေ။

မူရင်းစာရေးသူ ဆရာ Oung Marine အားလေးစားစွာ ခရက်ဒက်ပေးပါသည်။

Crd

Crd