လေးလလောက်မတွေ့ရသည့်ဖခင်ကို သမီးဖြစ်သူက အပြေးလေးနှုတ်ဆက်ခဲ့သော်လည်း ဖခင်က မမှတ်မိဘဲ မသိသလိုရှောင်ဖယ်သွားခဲ့လို့ ဖခင်ကိုငေးကြည့်နေရသည့် တစ်နှစ်နှင့်ရှစ်လအရွယ်သမီးလေး

လေးလလောက်မတွေ့ရသည့်ဖခင်ကို သမီးဖြစ်သူက အပြေးလေးနှုတ်ဆက်ခဲ့သော်လည်း ဖခင်က မမှတ်မိဘဲ မသိသလိုရှောင်ဖယ်သွားခဲ့လို့ ဖခင်ကိုငေးကြည့်နေရသည့် တစ်နှစ်နှင့်ရှစ်လအရွယ်သမီးလေး

လူသားမှန်လျှင် သတိမေ့တတ်ခြင်းကို အမြဲကြုံတွေ့နေကြရမှာဖြစ်ပါတယ်။လူတိုင်း၏မှတ်ညဏ်သည် အချို့အချိန်မျိုးတွင် ခေတ္တမေ့နေတတ်ပြီး ပြန်စဉ်းစား၍မရသည့်အချိန်မျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

ယခုတွင်တော့ တရုတ်နိုင်ငံ Zhejiangတွင်နေထိုင်သော အမျိုးသားတစ်ဦးဟာ သူ၏သမီးလေးကိုပင် မမှတ်မိတော့ဘဲ မေ့နေခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ ဇနီးနှင့်သမီးလေးကို လေးလအထိမတွေ့ရဘဲ ခွဲနေခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့်ခယ်မ ဖြစ်သူက သမီးလေးကို သူ၏ဖခင်နှင့်တွေ့ဆုံနိုင်ရန် သွားပို့ပေးခဲ့တာဖြစ်ပါတယ်။

ထို့နောက် သမီးလေးကို ဖခင်ဆီသွားဖို့အတွက် စေခိုင်းခဲ့ပြီး ခယ်မက အဝေးကနေကြည့်နေခဲ့ပါတယ်။ထိုအခါ ကလေးက ဖခင်ဆီ အပြေးလေးသွားခဲ့သော်လည်း ဖခင်ကတော့ မမှတ်မိဘဲ ရှောင်သွားခဲ့တာဖြစ်ပါတယ်။ခယ်မဖြစ်သူကလည်း အော်ဟစ်ပြီး သတိပေးခဲ့ရာမှ သူ၏သမီးဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Crd