ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေ စျေနှုန်းတည်ငြိမ်ရေးနှင့် အရောင်းအဝယ် ပြုလုပ်နိုင်ရေး အတွက် အရေးပေါ်အစည်းအဝေးကျင်းပ၊ ဆုံးဖြတ်ချက် (၅)ရပ်ချမှတ်……⬇️⬇️⬇️
ရွှေစျေးနှုန်းတည်ငြိမ်စေရေး အပါအဝင် ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်နိုင်စေရေး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ဧပြီလ(၈)ရက်နေ့ မနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်သည်။ အစည်းအဝေးအဖွင့်အမှာစကားကို
အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၅)ရပ် ချမှတ်နိုင်ခဲ့ပြီး ၄င်းတို့မှာ- (၁) ဗဟိုဘဏ်သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းပေါ် မူတည်၍သာ အရောင်းအဝယ်ပြုလုပ်ကြရန် (၂) 9 4.22 မှ 17.4.22 အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် (၃) စာရင်းဇယားကိုမှန်ကန်စွာဖြည့်စွက် ပေးသွင်းရန်၊
crd-
ယူနီကုတ်
ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရွှေ ဈေနှုန်းတည်ငြိမ်ရေးနှင့် အရောင်းအဝယ် ပြုလုပ်နိုင်ရေး အတွက် အရေးပေါ်အစည်းအဝေးကျင်းပ၊ ဆုံးဖြတ်ချက် (၅)ရပ်ချမှတ်……⬇️⬇️⬇️
ရွှေဈေးနှုန်းတည်ငြိမ်စေရေး အပါအဝင် ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ် ပြုလုပ်နိုင်စေရေး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အရေးပေါ် အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ဧပြီလ(၈)ရက်နေ့ မနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်သည်။ အစည်းအဝေးအဖွင့်အမှာစကားကို
နာယက ဦးဆန်းလွင်က ဈေးနှုန်းတည်ငြိမ်စေရေး အထူးအလေးပေးဆောင်ရွက်ကြရန် မှာကြားပါသည်။ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွှေဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် ပူပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က
ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအပြင် ထိန်းထိန်းသိမ်းသိမ်း ရောင်းကြဝယ်ကြရန်အတွက် အသင်းစည်းရုံးရေးမှူး ဦးသိန်းဆောင်အပါအဝင် အသင်းသူအသင်းသားများ၏ အကြံဉာဏ် ရယူကာ အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့သည်။ ယနေ့ကျင်းပသည့်
အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၅)ရပ် ချမှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ- (၁) ဗဟိုဘဏ်သတ်မှတ် နိုင်ငံခြားငွေလဲနှုန်းပေါ် မူတည်၍သာ အရောင်းအဝယ်ပြုလုပ်ကြရန် (၂) 9 4.22 မှ 17.4.22 အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် (၃) စာရင်းဇယားကိုမှန်ကန်စွာဖြည့်စွက် ပေးသွင်းရန်၊
(၄) ပြင်ပဈေးကွက် အသီးသီးမှဝင်လာသော သတင်မှား ကောလဟာလ များကို မယုံကြည်ကြရန်၊ (၅) လချုပ်စာရင်းရှင်းတမ်းနှင့် စတုဒီသာကုန်ကျစားရိတ်ရှင်းတမ်းများအတည်ပြုရန် တို့ဖြစ်ပါသည်။
crd-
Crd