

၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက် ယနေ့မှာ YBS 23 ပေါ်မှာ ငွေသားအမြောက်အများပါသည့် ပိုက်ဆံအိတ်တွေ့ရှိသဖြင့် ပိုင်ရှင်ကိုယ်တိုင်ပြန်လာယူရန် အသိပေးထား ( Passport နှင့် မှတ်ပုံတင် အပါအဝင် ငွေတွေ အိတ်တလုံးအပြည့်ဆိုတော့….)

၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက် ယနေ့မှာ YBS 23 ပေါ်မှာ ငွေသားများအပြင် Passport နှင့် မှတ်ပုံတင်ပါသည့် အိတ်တစ်လုံးကိုယာဉ်ပေါ်တွင်တွေ့ရှိထားသဖြင့် ပိုင်ရှင်ကိုယ်တိုင်ပြန်လာယူရန် YBS ၂၃ ယာဉ်လိုင်းမှတာဝန်ရှိသူတစ်ဦးက

လူမှုကွန်ရက်မှတဆင့်အသိပေးထားတာဖြစ်ပါတယ်။ YBS ၂၃ မှာ ရန်ကုန်နည်းပညာတက္ကသိုလ်မှ သခင်မြပန်းခြံကို ပြေးဆွဲပေးနေသည့် ဘတ်စ်ကားယာဉ်လိုင်းဖြစ်ပြီး အဆိုပါ ငွေသားအမြောက်အများပါ အိတ်ကို YBS ၂၃ ယာဉ်လိုင်းမှယာဉ်အမှတ်- J5868

ဘတ်စ်ကားပေါ်တွင်တွေ့ရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ငွေသားအမြောက်အများပါသည့် ပိုက်ဆံအိတ်တွေ့ရှိသဖြင့် ပိုင်ရှင်ကိုယ်တိုင် YBS ၂၃ အောက်လမ်းဂိတ်ရုံးတွင်လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားခြင်းဖြစ်ပါတယ်။

crd-

ယူနီကုတ်





crd-

Crd