ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့သခင်ဖြစ်သူရဲ့ ကုတင်ခြေရင်းကနေ မဆင်းတမ်း အိပ်စက်စောင့်ရှောက်ပေးနေခဲ့တဲ့ သစ္စာရှိခွေးလေး

ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့သခင်ဖြစ်သူရဲ့ ကုတင်ခြေရင်းကနေ မဆင်းတမ်း အိပ်စက်စောင့်ရှောက်ပေးနေခဲ့တဲ့ သစ္စာရှိခွေးလေး

ခွေးများဟာ လမ်းပြခြင်း၊ သားကောင်များကို ကယ်ဆယ်ခြင်း၊ ရာဇဝတ်ကောင်များကို ရှာဖွေခြင်း သို့မဟုတ် ဝန်ဆောင်မှုခွေးများအဖြစ် လုပ်ဆောင်ခြင်းအပါအဝင် သီးခြားအလုပ်များအတွက် လေ့ကျင့်သင်ကြားပေးခြင်းထက် ထက်မြက်ပါတယ်။ လေ့ကျင့်သင်ကြားခြင်းဖြင့် ခွေးများက ကောင်းသောအရာများစွာအပြင် ၎င်းတို့ပိုင်ရှင်များရဲ့အသက်ကိုလည်း ကယ်ဆယ်ပေးနိုင်ပါတယ်။ မကြာသေးမီက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံဟာ ဆေးရုံအခန်း၌ နာမကျန်းဖြစ်နေတဲ့ သခင်ကို ပြုစုစောင့်ရှောက်နေသည့် Ruby လို့ခေါ်တဲ့ ဝန်ဆောင်မှုခွေးလေးတစ်ကောင်ကို ပြသထားပါတယ်။ တစ်ဖန်၊ ခွေးလေးရဲ့ခြွင်းချက်မရှိသော ချစ်ခြင်းမေတ္တာနှင့် သစ္စာစောင့်သိမှုကို လက်တွေ့ ပြသထားပါတယ်။

Ruby လေးဟာ သူမရဲ့သခင် Shauna နှင့်အတူ နှစ်အတော်ကြာအောင် အဖော်ပြုလာခဲ့ပေမယ့် ၎င်းတို့ကြားက သံယောဇဉ်က သူ့သခင်နဲ့ ဝန်ဆောင်မှုခွေးလေးရဲ့ဆက်စပ်မှုထက် ပိုနေပါတယ်။ ၎င်းတို့ဟာ သူငယ်ချင်းကောင်းများဖြစ်ကြပြီး သခင်ဖြစ်သူက သူမကို လိုအပ်နေမှန်း မသိသည့်တိုင် Ruby ဟာ Shauna အတွက် နာရီပတ်လုံး ရှိနေပေးပါတယ်။ ခွေးလေးဟာ Shauna ရဲ့ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို ထိန်းချုပ်ရန်နှင့် ထိတ်လန့်တိုက်ခိုက်မှုများကို ကျော်လွှားရန် ကူညီပေးပါတယ်။ Ruby ဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက သူ့သခင်ရဲ့ကျန်းမာရေးမှာ တစ်ခုခု မှားယွင်းနေတာကို သတိပြုမိပြီး အဲဒီအကြောင်းကိုဆက်ပြီး သတိပေးနေခဲ့ပါတယ်။

Shauna ဟာ သူမ အခြေအနေကောင်းနေမှန်းသိပေမဲ့လည်း Ruby ကို ယုံကြည်ရန် ရွေးချယ်ခဲ့ပါသေးတယ် ။ သို့ပေမဲ့ နောက်ဆုံး သူမဟာ လူနာတင်ကားကို ခေါ်လိုက်ရပြီး၊ Ruby လေးက လုံးဝ မမှားနေတာကို သိခဲ့ရပါတယ်။ “ ကျွန်မရဲ့နှလုံးက atrial fibrillation ဖြစ်သွားတယ် ၊ အရေးပေါ်လူနာတင်ကားရောက်လာတော့ ကျွန်မက သတိလစ်သွားခဲ့တယ် ”လို့ Shauna က ဆိုခဲ့ပါတယ်။ ဆေးရုံရောက်တော့ Shauna အား အရေးပေါ်ခန်းသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး ဆရာဝန်များက သူမရဲ့အခြေအနေကို တည်ငြိမ်စေရန် လုပ်ဆောင်နိုင်ခဲ့ပြီး Ruby လေးကလည်း သူသတိပြန်ရလာတဲ့အထိ သူမအနားကနေခွါဖို့ ငြင်းဆန်နေခဲ့ပါတယ်။

.

သစ္စာစောင့်သိတဲ့ခွေးလေးဟာ သခင်ဖြစ်သူအား သူမရှိနေသည်ကို ခံစားသိရှိနိုင်ပြီး လုံခြုံသလိုခံစားရစေဖို့မျှော်လင့်ချက်ဖြင့် Shauna ရဲ့ဆေးရုံကုတင်ခြေရင်းပေါ်မှာ အမြဲတစေ အိပ်စက်နေခဲ့ပါတယ်။ Ruby လေးဟာ သူမရဲ့ လုပ်ရပ်အတွက် ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာအားလုံးကို ထိုက်တန်နေပါတယ်။ Ruby လေးရဲ့အကူအညီမပါဘဲ Shauna ရဲ့ဘဝဟာ ယခုအချိန်မှာ အလွန်ကွဲပြားနေနိုင်ပါတယ်။ Shauna ဟာ သူမ၏စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုနှင့် agoraphobia တို့ကိုတိုက်ထုတ်ရာမှာ သူမကိုကူညီပေးဖို့ Ruby လေးကိုမွေးစားရန် ဆုံးဖြတ်လိုက်တဲ့အခါ ၎င်းတို့ကြားက နှောင်ကြိုးဟာ 2015 ခုနှစ်မှာ စတင်လာခဲ့တာပါ။

.

Shauna ဟာ ရှားပါး နှလုံးသွေးကြောဆိုင်ရာ Ehlers-Danlos syndrome အပါအဝင် ကျန်းမာရေးပြဿနာများစွာကို ခံစားနေရကြောင်း သိလာရတဲ့အခါ Ruby ဟာ သူမရဲ့နှလုံးဆိုင်ရာ ပြဿနာများကို စတင်ခြေရာခံလာခဲ့ပြီး ” Ruby က သူမ ကျွန်မရဲ့နှလုံးခုန်နှုန်း အပြောင်းအလဲတွေ စတင်လာတာကို သတိပြုမိရင် ဥပမာ၊ ကျွန်မကို လှမ်းပုတ်တာ၊ အာရုံစူးစိုက်မှုရအောင် ကြိုးစားတာ၊ ကျွန်မအပေါ်ကိုတက်လာတာ စသဖြင့် တုံ့ပြန်ပေးတတ်တယ် ” လို့ Shauna ကဆိုခဲ့ပါတယ်။ Ruby လေးရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များထဲမှ Shauna ရဲ့သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်းကိုစောင့်ကြည့်ခြင်းက အထူးပါဝင်နေသလို သစ္စာရှိတဲ့ခွေးလေးဟာ သခင်ဖြစ်သူကိုလည်း ဘယ်သောအခါမှ တစ်ယောက်တည်း မထားခဲ့ဖူးပါဘူး။

Mia (Mckzone daily)

Reference : aubtu

Crd