Elon Musk က Donald Trump ကို တွစ်တာကနေ ရာသက်ပန် ပိတ်ပင်ထားတာကို ပယ်ဖျက်ချင်နေ

Elon Musk က Donald Trump ကို တွစ်တာကနေ ရာသက်ပန် ပိတ်ပင်ထားတာကို ပယ်ဖျက်ချင်နေ

Elon Musk က အမေရိကန်ရဲ့ ယခင် သမ္မတဟောင်း Donald Trump ကို တွစ်တာကနေ ရာသက်ပန် ပိတ်ပင်ထားတာကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။ သူက “ Donald Trump ကို ပိတ်ပင်ထားတာ မမှန်ကန်ဘူးလို့ ထင်ပါတယ်။ Trump လွတ်လပ်စွာ ပြောဆိုနေတာကို ပိတ်ပင်တာဟာ မှားယွင်းမှု ၁ ခုလို့ ထင်မြင်ပါတယ်။ “ လို့ ပြောပါတယ်။

Elon Musk says he'll reverse Donald Trump Twitter ban : NPR

တွစ်တာ၊ ဖေ့စ်ဘွတ်နဲ့ တခြား နာမည်ကြီး လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က Trump ထောက်ခံသူတွေ လွှတ်တော်ကို အကြမ်းဖက်စီးနင်းပြီးနောက်မှာ အဲဒီလို ဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်လို့ ဆိုတာ Trump ကို လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ ပိတ်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။

Elon Musk says he would reverse Twitter's Trump ban - CNN

Musk က “ Trump ကို ရာသက်ပန် ပိတ်ပင်တာဟာ မှားယွင်းနေပါတယ်။ တစ်စုံတစ်ယောက်က တရားဥပဒေနဲ့ မညီတာ၊ ကမ္ဘာကြီးကို ပျက်ဆီးစေတာတွေကို ပို့စ်တင်ထားရင် အဲဒီ ပို့စ်ကို ဖွက်ထားနိုင်ပြီး အဲဒီ လူကို ယာယီ ပိတ်ပင်ထားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Musk က Trump ကို တွစ်တာကို ပြန်ခေါ်ချင်ပေမယ့်လည်း Trump ကတော့ ပြန်လာမယ့် ပုံမပေါ်ပါဘူး။ Trump က တွစ်တာကို ပြန်သွားမှာ မဟုတ်ဘဲ သူ့ကိုယ်ပိုင် လူမှုကွန်ရက် TRUTH မှာပဲ နေမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။

Ref : interestingengineering