F-16C/D Fighting Falcon တိုက်လေယာဉ်များနှင့် Mig-29 Fulcrum တိုက်လေယာဉ်များ လဲလှယ်ခြင်း..( အခုကိစ္စကို ပိုလန်ဘက်ကသာ မီးစိမ်းပြလိုက်မယ်ဆိုလျင် ပွဲကတော့ ပိုပြီးကြမ်းလာမှာပဲ ဖြစ်ပါတယ်။ )
#အမေရိကန်က ပိုလန်ရဲ့လက်ရှိ MiG-29 Fulcrum တိုက်လေယာဉ်တွေကို ယူကရိန်းကို ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ပြီး (အဲ့လိုပေးလိုက်တဲ့အစား) အမေရိကန်ရဲ့ F-16C တွေကို ပိုလန်ကို ပြန်ပြီးလွှဲပြောင်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ F-16C/D block 52 တွေလည်း ရှိနှင့်ပြီးသား/ အဓိက ရှေ့တန်း တိုက်လေယာဉ်တွေအဖြစ်လည်း အသုံးပြုနေတဲ့ ပိုလန်လေတပ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့
ကမ်းလှမ်းချက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က EU က ကြေညာထားသည့်အတိုင်း ရုရှား/ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေကို ယူကရိန်းသို့ လွှဲပြောင်းရန် စီစဉ်ထားမှုနှင့်အတူ အမေရိကန်အစိုးရက ယူကရိန်းနဲ့ အနီးဆုံးဖြစ်တဲ့ ပိုလန်ဆီက MiG-29 Fulcrum တိုက်လေယာဉ်တွေကို စည်းရုံးခဲ့တာပဲ ဖြစ်ပါတယ်။ F-16 လွှဲပြောင်းမှုမှာ အမေရိကန်လေတပ် (သို့မဟုတ်) US National Guard ယူနစ်တွေမှာ
လက်ရှိအသုံးပြုနေတဲ့ မွမ်းမံပြင်ဆင်ထားတဲ့ F-16 တိုက်လေယာဉ်တွေ ပါဝင်မှာပဲ ဖြစ်ပါတယ်။ ပိုလန်လေတပ်မှာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ MiG-29 တိုက်လေယာဉ်တွေဟာ Warsaw Pact နိုင်ငံအဖြစ် ရှိခဲ့စဉ်လက်ထက်က အကြွင်းအကျန်တွေ ဖြစ်ပါတယ်။ အဲ့လို MiG-29 တိုက်လေယာဉ်တွေကို ယူကရိန်းသို့ လွှဲပြောင်းခြင်းဟာ ယူကရိန်းလေတပ်အတွက် ဆက်လက် အသက်ရှင်နို်င်ဖို့ဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေအတွက်
ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်ကပြောပါတယ်။ #ရုရှားဘက်ကထုတ်ပြန်ထားတာတော့ ဘော်လတစ်ဒေသ (သို့မဟုတ်) အရှေ့ဥရောပ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းကို တိုက်လေယာဉ်တွေ ဆင်းသက်ခွင့်ပေးတာမျိုး/ အသုုံးပြုခွင့် ပေးတာမျိုးတွေလုပ်ရင် စစ်ပွဲထဲပါဝင်လာပြီးလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ခြိမ်းခြောက်/ပြောဆိုထားတာတွေ ရှိနေပါတယ်။ #အခုကိစ္စကို ပိုလန်ဘက်ကသာ မီးစိမ်းပြလိုက်မယ်ဆိုလျင် ပွဲကတော့
ပိုပြီးကြမ်းလာမှာပဲ ဖြစ်ပါတယ်။ #လောလောဆယ်မှာတော့ ပိုလန်ဘက်က သူတို့ရဲ့ Mig-29 တွေကိုလည်း မပေးတဲ့အပြင် သူတို့လေဆိပ်ကိုလဲ သုံးစွဲခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
crd-Htet Wai Oo
ယူနီကုတ်
crd-Htet Wai Oo
Crd