Metaverse ထဲမှာ ပထမဆုံး မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံက စုံတွဲတစ်တွဲ

Metaverse ထဲမှာ ပထမဆုံး မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံက စုံတွဲတစ်တွဲ

အိန္ဒိယနိုင်ငံက စုံတွဲတစ်တွဲဟာ တနင်္ဂနွေနေ့က ပထမဆုံး ဒစ်ဂျစ်တယ် မင်္ဂလာဧည့်ခံပွဲကို metaverse ထဲမှာ ကျင်းပခဲ့ကြပါတယ်။

အသက်၂၄နှစ်အရွယ်DineshSPနှင့်အသက်၂၃နှစ်အရွယ်JanaganandhiniRamaswamyတို့နှစ်ဦးဟာအိန္ဒိယနိုင်ငံတောင်ပိုင်းတမီလ်နာဒူးပြည်နယ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့်တက်ရောက်မည့်ဧည့်သည်၁၀၀သာကန့်သတ်ထားသောကြောင့်သူတို့ရဲ့ဧည့်ခံပွဲကိုmetaverseထဲမှာကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Metaverse ဟာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန်တုံ့ပြန်မှုအတွက်augmentedreality3Dholographicပုံများနှင့်ဗီဒီယိုများကိုအသုံးပြုထားတဲ virtual reality platform တစ်ခုပဲ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲကို Metaverse ဖြင့် နှစ်နာရီနီးပါးလောက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ရိုးရာဝတ်စုံးတွေကို ဝတ်ဆင်ထားတဲ့ သတို့သားနှင့် သတို့သမီးတို့ရဲ့ ရုပ်ပွားတွေက စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ပြီး လာရောက်ကြတဲ့ ဧည့်သည်တော်များကိုဂုဏ်ပြုကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဧည့်ခံပွဲကိုလည်းလူပေါင်း၃၀၀၀ခန့်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်ဧည့်သည်တချို့ကတော့Metaverseရဲ့စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကို သူတို့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ကြပါတယ်။ ဒီလိုကျင်းပနိုင်အောင် TardiVerse ရဲ့ ပိုင်ရှင်နှင့် ဖန်တီးသူ Vignesh Selvaraj တို့ရဲ့ အကူအညီဖြင့် ဧည့်ခံပွဲအတွက် Hogwarts-themed metaverse မှာ ကျင်းပခဲ့တာပါ။

Zawgyi

အိႏၵိယႏိုင္ငံက စုံတြဲတစ္တြဲဟာ တနဂၤေႏြေန႔က ပထမဆုံး ဒစ္ဂ်စ္တယ္ မဂၤလာဧည့္ခံပြဲကို metaverse ထဲမွာ က်င္းပခဲ့ၾကပါတယ္။

 

အသက္ ၂၄ ႏွစ္အ႐ြယ္ Dinesh SP ႏွင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ Janaganandhini Ramaswamyတို႔ႏွစ္ဦးဟာအိႏၵိယႏိုင္ငံေတာင္ပိုင္း တမီလ္နာဒူးျပည္နယ္မွာ မဂၤလာပြဲကို က်င္းပခဲ့တာျဖစ္ပါတယ္။

 

ကပ္ေရာဂါေၾကာင့္တက္ေရာက္မည့္ဧည့္သည္၁၀၀သာကန႔္သတ္ထားေသာေၾကာင့္သူတို႔ရဲ႕ဧည့္ခံပြဲကိုmetaverseထဲမွာက်င္းပဖို႔ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

 

Metaverse ဟာ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ တုံ႔ျပန္မႈအတြက္ augmented reality ၊ 3D holographic ပုံမ်ား ႏွင့္ ဗီဒီယိုမ်ားကို အသုံးျပဳထားတဲ virtual reality platform တစ္ခုပဲ ျဖစ္ပါတယ္။

 

မဂၤလာဧည့္ခံပြဲကို Metaverse ျဖင့္ ႏွစ္နာရီနီးပါးေလာက္ က်င္းပခဲ့တာ ျဖစ္ပါတယ္ဗီဒီယိုထဲမွာေတာ့႐ိုးရာဝတ္စုံးေတြကိုဝတ္ဆင္ထားတဲ့ သတို႔သားႏွင့္သတို႔သမီးတို႔ရဲ႕႐ုပ္ပြားေတြကစင္ျမင့္ေပၚမွာမတ္တပ္ရပ္ၿပီးလာေရာက္ၾကတဲ့ဧည့္သည္ေတာ္မ်ားကိုဂုဏ္ျပဳႀကိဳဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

 

ဧည့္ခံပြဲကိုလည္း လူေပါင္း ၃၀၀၀ ခန႔္ တက္ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။ ဧည့္သည္တခ်ိဳ႕ကေတာ့ Metaverse ရဲ႕ စိတ္လႈပ္ရွားစရာ အေတြ႕အႀကဳံေတြကို သူတို႔ရဲ႕ လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ၾကပါတယ္။ ဒီလိုက်င္းပႏိုင္ေအာင္ TardiVerse ရဲ႕ ပိုင္ရွင္ႏွင့္ ဖန္တီးသူ Vignesh Selvaraj တို႔ရဲ႕ အကူအညီျဖင့္ ဧည့္ခံပြဲအတြက္ Hogwarts-themed metaverse မွာ က်င္းပခဲ့တာပါ။

Crd