YBS စီးရင် သံပရာသီး အမြဲဆောင်ထားပါ၊ မိန်းကလေးတွေ ဒီလိုတောင် ကြုံတွေ့နေရပါပြီ

YBS စီးရင် သံပရာသီး အမြဲဆောင်ထားပါ၊ မိန်းကလေးတွေ ဒီလိုတောင် ကြုံတွေ့နေရပါပြီ

အထူးသတိထားကြပါ.. ကျမ ဒီနေ့ ဂန္ဓီမှတ်တိုင်သွားရင်း ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ပါ.. မနက်က ၉ နာရီလောက် YBS 57 ကားပေါ်မှာ ဖြစ်တာပါ..

အသက်ကြီးလူကြီးတစ်ယောက်ပါ Mask တပ်ထားတယ်.. လွယ်အိတ်လွယ်ထားပါတယ်.. ဆူးလေလောက်က တက်လာတာပါ.. ပထမတော့ ကျမဘေးမှာ လာရပ်ပါတယ်.. ကျမကို ခဏခဏကြည်နေတော့ ဘာလည်းပေါ့ဆိုပြီး သတိထားမိသွားတာပါ.. ပန်ဆိုးတန်းမှတ်တိုင်ရောက်တော့ သူက ကျမရဲ့ရှေ့မျက်​စောင်းထိုးထိုင်ခုံမှာ နေရာရပါတယ်.. ဒါတောင်မထိုင်ချင်ထိုင်ချင်နဲ့ ပေကပ်ကပ်လုပ်ပြီးသွားထိုင်တာပါ..

ကျမကို ဆယ်ခါထက်မနည်း လှည့်လှည့်ကြည့်နေတော့ ပိုပြီးသံသယ ဝင်လာတာပါ.. ကျမဘေးမှာရော နောက်တန်းမှာရော ရှေ့ထိုင်ခုံတွေမှာပါ လူကမရှိတော့ နည်းနည်းတော့ လန့်လာတယ်.. ပြီးတော့ သူကလွယ်အိတ်ထဲကနေ တစ်ခုခု ထုတ်နေတာကိုတော့ သိလိုက်တယ်..

ဒါနဲ့ကားပေါ်က ဆင်းရင် သူ့ဘေးကဖြတ်သွားရမှာသိတော့ ဂန္ဓီမှတ်တိုင်ထိမလိုက်ပဲ လူများများဆင်းတုန်း လမ်း ၅၀ မှတ်တိုင်မှာ ဆင်းဖို့ သတ္တိမွေးပြီး သူဘေးကဖြတ်လျှောက်တယ်.. ဆင်းခါနီး ထိုင်ခုံနားကကောင်လေးကို သူငယ်ချင်းဘာညာနဲ့ ကိုယ်မှာ ဝင်လုံးနေတုန်းရှိသေး အဲ့လူကြီးက နောက်ကနေ ရေလိုလို ဘာလိုလို လှမ်းပက်လိုက်တာပါ..

ကျမလည်း လက်မောင်းမှာ ရေစိုသွားသလိုဖြစ်သွားတော့ ငုံကြည့်လိုက်တဲ့အချိန် ဘာနံ့ကြီးမှန်မသိဘူး ရှူလိုက်မိပြီး နည်းနည်းခေါင်းမူးသလို ဖြစ်သွားပါတယ်.. မနည်းအားတင်းပြီး ကားပေါ်ကဆင်း ကားမှတ်တိုင်ဘေးနားက ကုန်စျေးရောင်းနေတဲ့ အန်တီကြီးတွေဆီမှာ သံပုရာသီဝယ်တုန်းရှိသေး တော်တော်ကို ခေါင်းမူးပြီးတော့ ဘေးကစျေးရောင်းနေတဲ့ညမလေး ထိန်းပေးထားရတဲ့အထိကို ဖြစ်သွားတာပါ..

အန်တီကြီးတွေက ရှူဆေးတွေ သုံပုရာသီတွေ အတင်းနှာခေါင်းဝမှာ တေ့ပြီးရှူခိုင်တယ်.. ခဏကြာတော့မှ နည်းနည်းသက်သာလာတာပါ.. အဲ့ဒါတောင် မျက်လုံးတွေလေးပြီး အိပ်ချင်သလိုကြီး ဖြစ်နေလို့ သံပုရာသီးတွေစားလိုက် ရှူလိုက်လုပ်မှ တစ်နာရီလောက်အကြာမှာ သက်သာသွားတာပါ..

မိန်းကလေးများသတိထားပါ.. ခါးပိုက်နှိုက်ချင်တာလား လူကို အန္တရယ်ပေးချင်တာလားမသိလို့ သိထားကြပါ.. တို့ဆေးဆိုလားဘာလား မသိ​ပေမဲ့ ကိုယ်တိုင်ဒီလိုကြီး ကြုံတွေ့ခဲ့ရတော့ ကျမတော်တော်လေးလန့်ပြီး လက်တွေလည်းတုန် အဲ့နားတင်ငိုလည်း ငိုပစ်လိုက်တယ်.. (မေသက်)

Crd